Chapter 23(uni)

1.2K 106 0
                                    

"ကြိုက်ရဲ့လားဖြူ အနော်အစက အသည်းပုံလေးပဲလုပ်မယ်တွေးထားတာ ပြီးမှIdeaရတာနဲ့Nနဲ့Pကိုစဥ်းစားမိပြီးထည့်လိုက်တာ ကြိုက်ရဲ့လားလို့ဆိုနေဖြူကလဲ"

"ကြိုက်တာပေါ့ အရမ်းလှတယ်အနော်ရယ် အနော့်ဟာပေးလေ ဖြူလဲပြန်ဆွဲပေးမှာပေါ့"

ဖြူကနော်ဖောလက်ထဲကဆဲွဲကြိုးလေးကိုယူကာ သူ့လည်တိုင်မှာပြန်ဆွဲပေးရင်း နော်ဖောပါးလေးကိုနမ်းကာ
"ကျေနပ်ပြီလား အနော့်လက်ဆောင်ကိုဖြူလက်ခံပေးတယ်နော် နောက်ကျဒါမျိုးကြီးတွေတော့မပေးပါနဲ့ ဖြူဒါတွေမဝတ်တတ်လို့ပါ ဒါပေမယ့် ဒီဆွဲကြိုးလေးကိုတော့ တသက်လုံးဝတ်တော့မှာသိလား"

"ဘယ်တော့မှမချွတ်ရဘူးနော် အနော်ကောပဲမချွတ်ဘူး ဒီလိုပဲ ဘယ်တော့မှမခွဲပဲအတူရှိနေကြမယ်နော်ဖြူ ကတိပေး"

"အင်းဘယ်တော့မှမခွဲဘူး ကတိ"

Dressing roomလေးထဲ နှစ်ယောက်သားကြင်ကြင်နာနာလေးဖက်နေကြတုန်း ရုတ်တရက် အခန်းတံခါးပွင့်လာပြီး
"ဟယ် ဘာတွေတုန်း နင်တို့ဟာကလည်း"

"ဟယ် ဟိုအမ"

"အမစီစီကလည်း သူများPrivacyကို မပြောမဆိုကြီးဝင်လာတယ်"

"အမလေး ဘာprivacyတုန်း ဟိုညီမလေးကိုမျက်နာပူပြီးထွက်သွားပြီးမှ အဆင်ပြေမပြေ သိရအောင် လာခဲ့တာ ဆွဲကြိုးလေးဝတ်တာ ဒီလောက်ကြာနေရအောင်က မသာ"

"နည်းနည်းပါးပါး တံခါးလေးတော့ခေါက်မှပေါ့ ဒီမယ် ဖြူရှက်သွားပြီ"

"တော်ရုံပဲကောင်းတယ် နော်လေး ဖြစ်ပျက်နေတာများ ဒါနဲ့ဆွဲကြိုးအဆင်ပြေလား ငါနင်ပြောထားသလိုပဲလုပ်ပေးလိုက်တာ အဲ့ပစ္စည်းကအတော်ရှာရတယ်ဟ ရှားတယ်လေ စျေးကလည်း..."

"အဆင်ပြေပါတယ် ဖြူကလည်းကြိုက်တယ်တဲ့ အဲ ဖြူ အနော်ငွေသွားချေလိုက်ဦးမယ်လေနော် နည်းနည်းတော့ကြာမယ်သိလား ဒီမယ်ပဲစောင့်နေနော်"ဆိုကာအလိုက်ကန်းဆိုးမသိ ဖြူ့ရှေ့ဆွဲကြိုးတန်ဖိုးဟတော့မယ့် စီစီသန့်စကားမဆုံးခင် စကားဖြတ်ပြောကာ ဖြူမမြင်အောင် သူ့လက်တို့ပြီးခေါ်လာရတယ်

"ဟဲ့ဘာလဲ မသာရဲ့ နင့်ဟာက နင်ဘာတွေဖြစ်နေတာလဲနော်လေးရယ်"

Love Is LoveWhere stories live. Discover now