Chapter 38(uni)

871 75 2
                                    

[Myat Thu Kyaw]

မြတ်သူကျော် မကြာသေးခင်လေးကမှ Norwayနိုင်ငံကပြန်ရောက်လာခဲ့တယ်  သူ့မယ်က မိဘနှစ်ပါးလုံးမရှိကြတော့ ဦးလေးဖြစ်သူကပဲသူ့ကိုပြန်မွေးစားခဲ့ခြင်းပဲဖြစ်တယ် ဦးလေးဆိုသူမှာလည်း တကိုယ်တည်းလူပျိုကြီးဖြစ်ကာ တောင်ကြီးဘက်လဲ Hotelလုပ်ငန်းနဲ့ဧည့်ကြိုလုပ်ငန်းတွေတည်ထောင်ထားတာကြောင့် တောင်ကြီးဘက်အလည်ကော ငယ်သူငယ်ချင်းအုပ်စိုးဆီပါလာမယ်ဆိုပြီးရောက်လာခဲ့တယ်လေ

"သာကြီးမင်းကွာ ပြန်ရောက်တာတောင်အကြောင်းမသိရဘူး"

"အေးကွာ ငါလည်း ဟိုမယ်အကုန်ပြီးတာနဲ့ ဘယ်သူ့မှအကြောင်းမကြားပဲတန်းပြန်ချလာတာ ဦးလေးတောင်အံ့အောနေတယ်"

"ဘာလဲဟ မျှော်နေမယ့်သူများ..."

"တော်တော် အုပ်ကြီး ငါ့အကြောင်းတွေကို မင်းအသိဆုံးပါကွာ ဒါမျိုးတွေ ဘယ်တော့မှရှိလာ​ေတာ့မှာမဟုတ်ဘူး"

"သိပါတယ်ကွာ မင်းအကြောင်း ဒါဆိုအချိန်မဆွဲပဲပြန်လာရတဲ့အကြောင်းလေးလင်းပါဦးဟ"

"ဘာကြောင့်မှမဟုတ်ဘူး ငါကဒီမယ်ပဲပျော်တယ်လေကွာ သူများနိုင်ငံကြီးမနေချင်ပါဘူးငါ့ကောင်ရ"

မြတ်သူကျော်က ရုပ်ဖြောင့်တယ် သဘောလည်းကောင်း ငွေကြေးလည်းပြည့်စုံသူဆိုတော့ သူ့အတွက်မိန်းကလေးမရှားဘူးပြောရမည့်သူပါ
ဒါပေမယ့် သူကအဲ့ဘက်သိပ်စိတ်ဝင်တစားမရှိသူ အပေါင်းအသင်းတေွနဲ့ပျော်ပျော်နေတတ်သူဖြစ်တယ်
ဆွေမျိုးဆိုတာလည်း ဦးလေးနဲ့သူနဲ့လွဲရင်မရှိပါဘူး သူစိတ်ဝင်စားတာတခုတော့ရှိတယ် ဝိုင်(wine)ပါပဲ ဟုတ်တယ် မြတ်သူကျော်က wine crazyတယောက်လို့ကိုပြောရမယ် သူ့အိမ်မယ်လဲ နှစ်ချို့ဝိုင်တွေစုဆောင်းတတ်သလို ဝိုင်နဲ့ပတ်သက်လာရင်တော်တော်လေ့လာထားသူဖြစ်သည်
ဒါပေမယ့်ထူးဆန်းတာက သူ့မယ်ကိုယ်ပိုင်ဝိုင်ထုတ်လုပ်ချင်တဲ့စိတ်ကူးကဖြစ်မလာနိုင်သေးတာပင် အခုပြန်လာတယ်ဆိုတာကလည်း ကိုယ်ပိုင်ဝိုင်ထုတ်လုပ်မယ့်လုပ်ငန်းလေးလုပ်ကြည့်မယ်ဆိုတဲ့စိတ်ကူးကြောင့်လည်းပါတယ်လေ

အုပ်စိုးနဲ့ခနနေပြီးရင် အောင်ခန့်ရှိတဲ့ နေပြည်တော်လည်းသွားရဦးမယ် သူ အုပ်စိုးနဲ့အောင်ခန့်တို့က ငယ်သူငယ်ချင်းတွေဖြစ်ကာ အောင်ခန့်အလုပ်က နေပြည်တော်မယ်ဆိုတော့ မကြာခင်သွားကြမလို့လုပ်ထားပါတယ်
အုပ်စိုးအမေကအိမ်ခြံမြေပွဲစားလေ သူကတဆင့် စပျစ်ခြံတခြံရောင်းမည့်သတင်းလည်းသိရော သွားကြည့်ပြီးကြိုက်လို့ သူဝယ်မယ်လုပ်တော့ တဖက်ကပိုင်ရှင်က နှုတ်ကတိပေးထားပြီးရောင်းမယ်ပြောထားသူရှိပြီးသားဆိုပေမယ့် ဇွတ်ကိုဝယ်ချင်နေတာမလို့ စျေးပိုပေးလိုက်တယ်
ဒါပေမယ့် လူမှုရေးကိုလေးစားတတ်သူဖြစ်တာကြောင့် တဖက်ဝယ်သူကိုသူရှင်းပြပေးပါမယ်ပြောတော့ အခုနေ့လည်ချိန်းထားသည်ဆိုတာနဲ့ထွက်လာခဲ့ခြင်းဖြစ်တယ်
ခြံရှေ့ရောက်တော့ ခြံတံခါးလည်းဖွင့်ထားတာနဲ့ဝင်လာပြီး အိမ်ပေါ်တက်လာခဲ့တော့ သူခေတ္တခနအသက်ရူရပ်သွားသလိုခံစားလိုက်ရတယ်

Love Is LoveWhere stories live. Discover now