Chapter 48(uni)

700 63 0
                                    

ဖြူအိပ်ယာကနိုးလာသည်နှင့်နံဘေးကိုကြည့်လိုက်တော့နော်ဖောကမရှိတော့လို့ အလုပ်သွားပြီထင်လိုက်တယ် ဒီနေ့ကဖြူ့ရဲ့၂၃နှစ်မြောက်မွေးနေ့လေ ဖြူ့မွေးနေ့တောင်မှသူသတိမရဘူးလားပေါ့
ဖြူဒီနေ့နားတဲ့ရက်ဆိုတော့နားစေချင်စိတ်နဲ့မေ့သွားတယ်ပဲတွေးလိုက်ပါတယ် ဖြူကကိုယ်ပိုင်ကျောင်းရဲ့ဆရာမအလုပ်ကိုနားလိုက်ပြီး Guideသီးသန့်သာလုပ်နေတာဖြစ်တယ်လေ
သို့သော်ဝိုင်းက၄ဝိုင်းရှိနေတာဆိုတော့ Guideအချိန်ရှိတဲ့နေ့တွေဆို တနေကုန်နီးပါးပင်မအားလပ်ပါဘူး
ဒါပေမယ့် ကိုယ့်ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခွင့်ရနေတာကြောင့်သူမပျော်ပါသည်

နော်ဖောကတော့ Guideဝိုင်းလျော့ခိုင်းနေတာ မကြာခင်တော့ လျော့ဖို့စီစဥ်ထားတယ် နော်ဖောအတွက်လည်းသူမကျေနပ်နေမိတယ် လုပ်ငန်းခွင်မယ်သူတော်တော်ကြိုးစားနေရှာပါတယ်
အရင်ကထက်စာရင်တော့ အတူနေတဲ့အချိန်တွေနည်းသွားတာပေါ့ ဒါပေမယ့်နှစ်ယောက်လုံးကဒီအတွက်စိတ်မပူခဲ့ကြပါဘူး သူတို့က အချစ်ဆိုတာချစ်နေဖို့ပဲလိုတယ်ဆိုတဲ့စကားကို နားလည်သူတွေဆိုတော့အမြဲတမ်းအချစ်တွေနဲ့ပဲ သူတို့နှစ်ယောက်က ပျေိာ်ရွှင်နိုင်ခဲ့ကြတယ်လေ

နိုးလာပြီးမထသေးပဲ စိတ်ထဲပေါ်လာတာတွေတွေးပြီးနောက် ခနနေမှနော်ဖောကို ဖုန်းဆက်သတိပေးလိုက်မယ်စဥ်းစားပြီး ရေချိုးခန်းထဲသွားလိုက်ကာ သွားတိုက်ပြီး ရေပါချိုးလိုက်တယ်
ပြီးတော့ ကိုယ်လုံးလေးပေါ် တံပတ်လေးသာပတ်ထားလိုက်ပြီး မှန်တင်ခုံလေးရှေ့ထိုင်လိုက်ရုံရှိသေးတယ် အခန်းတံခါးလေးပွင့်လာပြီး လက်ထဲမယ် အလုပ်ကfilesတွေထည့်ရတဲ့ ကတ်ထူပုံးလေးကိုင်ကာအလောတကြီး နော်ဖောဝင်လာတာကို မှန်ထဲကတဆင့်မြင်လိုက်လို့  လှည့်ကြည့်လိုက်ရင်း.....

"အနော်ဘာကျန်ခဲ့လို့လဲ ပြန်လာတာလဲ"

"အင်းဟုတ်တယ် အရေးကြီးတာကျန်ခဲ့လို့ ဖြူကူရှာပေးပါဦး"

"Hmm!ဘာများလည်း အနော်"

"နောက်မှမေးဖြူရဲ့ လုပ်ပါအောက်တွေဘာတွေမယ် ကြည့်ပါဦး အရမ်းအရေးကြီးတဲ့ဟာမလို့ပါ"

Love Is LoveWhere stories live. Discover now