Chapter 49(uni)🌶

1.4K 64 0
                                    

(တလကျော်ခန့်ကြာပြီးနောက်)

နော်ဖောတောင်ကြီးရောက်တာ၃ရက်ရှိပြီ ဒီတခါတောင်ကြီးမယ် အချောသတ်ပြီးရင် သူဦးဆောင်ပြီးလုပ်လာတဲ့ Projectက ရှေ့လထဲအတွင်းကို အပြီးသတ်တော့မယ်လေ ဒါပြီးရင်တော့ သူအချစ်ဆုံးမိန်းကလေးကို သူလက်ထပ်ခွင့်တောင်းမယ် ပြီးတာနဲ့အမြန်ဆုံးလက်ထပ်ကြဖို့စီစဥ်မယ် နော်ဖောသူ့အတွေးတွေနဲ့သူကိုပီတိတွေဖြာဝေနေတာပေါ့လေ

ဖြူလဲနော်ဖောကတောင်ကြီးရောက်နေတော့ ဖုန်းဆက်ပြီးပဲမှာစရာရှိတာတွေမှာလိုက်ရတာပေါ့ အမှန်ကလိုက်သွားချင်တာဖြစ်ပေမယ့် နော်ဖောကရက်ကြာမှာလေ
မကြာခင်လည်း ဖြူ့ရဲ့Guideသင်နေတဲ့ကလေးတွေစာမေးပွဲရှိတော့ နားပစ်လို့မရတာကြောင့်သာ မလိုက်သွားနိုင်တာပါ ဘာလိုလိုနဲ့ ဖေကြီးတို့ဆီလည်းမရောက်ဖြစ်တာကြာနေပြီဖြစ်သလို မောင်လေးကိုလည်းလွမ်းတယ် နော်ဖောအလုပ်တွေပါးသွားရင်တော့ သွားလည်ဦးမယ်တွေးလိုက်တယ်

ဒါနဲ့ပဲ သူမလည်း ဒီနေ့အချိန်ဇယားကိုကြည့်ကာ အရင်ဆုံးသွားရမယ့်နေရာကိုသွားဖို့အိမ်ကထွက်လာလိုက်တယ် ဖြူကအခုထိ Taxi Busစီးနေတုန်းပါပဲ
Queenslandရဲ့ချွေးမအနေနဲ့လုံးဝအခွင့်အရေးမယူတဲ့သူပါ ဒီလိုတွေကြောင့်လဲ နော်ဖောတို့်အသိုင်းအဝိုင်းရဲ့မျက်လုံးတွေအောက်မယ် သူမကိုအပြစ်တောင်ရှာလို့မရကြတာပေါ့လေ
နော်ဖောကအစကသဘောမကျပေမယ့် ဖြူ့သဘောထားကိုတဖြေးဖြေးသိလာရလို့ လက်ခံပေးခဲ့ပါတယ်

အခုGuideပြရမယ့်အိမ်ကိုရောက်ဖို့ အရင်ဆုံးစီးရမယ့်မှတ်တိုင်မယ်စောင့်ကာ busလာတော့ လှည်းတန်းမှတ်တိုင်ကိုဆက်စီးတယ် အဲ့ကနေဆင်းပြီး တပြလောက်လမ်းလျှောက်လိုက်ရင်ရောက်ပြီလေ
ဆင်းရမယ့်မှတ်တိုင်ရောက်တော့ ဖြူ busပေါ်ကဆင်းသွားရမယ်နေရာကို လမ်းလျောက်နေရင်းမှ ကားတစီးကသူမကိုကျော်မောင်းသွားကာ ရှေ့နားမယ်ရပ်လာလေတယ် ကားပေါ်ကဆင်းလာတဲ့သူကိုဖြူတွေ့တော့စိတ်ညစ်သွားတာပေါ့လေ

"ဖြူ နေကောင်းလား မတွေ့ရတာကြာနေပြီနော်"

"Awwကိုမြတ်သူကျော်ပါလား ခွင့်ပြုပါဦး ကျမအလုပ်လေးရှိနေသေးလို့ပါ"

Love Is LoveWhere stories live. Discover now