Chapter 26(zg)

470 8 0
                                    

ဒီလိုနဲ့ နော်ဖောအမိုးရဲ့၅၂နှစ်ပြည့်မွေးနေ့ပွဲနေ့ရောက်လာတယ် နော်ဖောတို့ခြံကြီးထဲမှာပဲကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားကြီးကိုကျင်းပတာပေါ့လေ
"Queensland Organization"ရဲ့ဦးဆောင်တည်ထောင်သူမွေးနေ့ဆိုတော့လည်း ပြည်တွင်းပြည်ပက ထိပ်တန်းသူဌေးကြီးတွေ လုပ်ငန်းရှင်ကြီးတွေကမဖြစ်မနေတက်ရောက်ချီးမြင့်ကြသလို နော်ဖောတို့ဆွေမျိုးတွေဆိုသူတွေလည်း တစုတစည်းတည်းလာကြတယ်
လဲ့လဲ့တို့လည်းလာကြကာ ခုနကမှရောက်တယ်ပြောတယ် ပြောရရင်တော့ လူချမ်းသာတွေ အနုပညာအသိုင်းအဝိုင်း ဂုဏ်သရေရှိလူကြီးလူကောင်းတွေစုံလို့ပါပဲ

"ဟဲ့ဖြူ နင်ကလည်း ငါ့တောင်လာမခေါ်ဘူး ဘာလဲ နော်လေးမှနော်လေးဖြစ်နေတော့ ကိုယ့်အချစ်ဆုံးသူငယ်ချင်းဆိုတာကိုတောင်မေ့နေပြီပေါ့လေ ပြောစမ်းယောင်းမ"ဆိုပြီးလဲ့လဲ့ကလာခေါ်မှပဲ စကားပြောဖြစ်တော့တယ်

"မဟုတ်ပါဘူးဟာ လူတွေကအများကြီးဆိုတော့ လဲ့လဲ့သိတဲ့အတိုင်း ဖြူ့အကြောင်းကို"

"နော်လေးကပြန်မလာသေးဘူးလား ဘယ်သွားရတာလဲ"

"သူဧည့်သည်တချို့သွားခေါ်စရာရှိလို့တဲ့ ဒါပဲပြောသွားတယ်"

"သူဂရုစိုက်တယ်မလား နင့်ကို လဲ့လဲ့ကို ဘာမဆိုပြော သိလား ဒီမလာခင်တောင် ကြီးကြီးဆီဝင်ခဲ့သေးတယ် နေကောင်းအောင်နေတဲ့မှာလိုက်တယ်"

"ဖြူလဲ ကြီးကြီးကိုသတိရနေတာ တခါမှခုလောက်မခွဲဖူးဘူး ခြံကိုလဲလွမ်းနေပြီ"

"ဒီမယ်မပျော်ဘူးလား ဖြူလေး နော်လေးကပျော်အောင်မထားဘူးလားငါ့သူငယ်ချင်းလေးကို ပြောတော့ဘယ်လိုဘယ်ညာနဲ့ တွေ့ဦးမယ်"

"မဟုတ်တာ အနော်ကအရမ်းဂရုစိုက်ပေးပါတယ် ဖြူပြောပြထားသလိုပဲကို"(messengerအဆက်အသွယ်တွင်ဆိုလို)

"ဒါဆိုအခုကဘာဖြစ်လို့လဲ"

"ဒီတိုင်းပါ ဒီလိုကြီးသူများဆီနေနေကျမဟုတ်တော့ တောင်ကြီးကိုလွမ်းမိသလိုလို🙂"

"ဖြူရယ် ဒါသူများဆီမဟုတ်ဘူးလေဟာ နင်အဲ့လိုကြီးမတွေးပါနဲ့ လဲ့လဲ့ပြောပြမယ် ဖြူကကံအကောင်းဆုံးမိန်းခလေးပဲသိရဲ့လား"

Love Is LoveWhere stories live. Discover now