Chapter 65(uni)

941 61 0
                                    

"Hello လဲ့လဲ့ ဖုန်းတွေဘာတွေတောင်ဆက်တယ်ဆိုတော့ ကြည့်ရတာနော်လေးဘာတွေလုပ်နေပြန်ပြီလဲ"

"မေမေကြီး အခု နော်လေးကမဟုတ်တော့လို့်လဲ့လဲ့ကဆက်ရတာပါ
သူအခုဖြူ့ကိုအကြီးအကျယ်ကိုဒုက္ခရောက်အောင်လုပ်နေတယ်"

လဲ့လဲ့လည်း ဖုန်းနဲ့ဒီကဖြစ်နေတာတွေကိုပြောပြတော့ ဒေါ်နော်အယ်လ်မှုးတာလည်း ကြာရင်တော့ ဖြူဒုက္ခရောက်တော့မှာကိုသိလိုက်ရတယ်
သူမလည်း ကောင်လေးအကြောင်းစုံစမ်းနေတာသဲလွန်စကတော့ရနေပြီ တလောကသူနေတဲ့နေရာသိလို့သူ့လူတွေလိုက်တော့ထွက်ပြေးသွားတယ်လေ မကြာခင်တော့မိတော့မှာကိုသိပါတယ်
ဒါပေမယ့် ဒီမယ်ကနော်လေးကဆိုးဝါးလာနေတော့ အချိန်စောင့်နေလို့မဖြစ်တော့ဘူးသိလိုက်ရတယ်

"ဒီမယ်လဲ့လဲ့ သမီးအပါးကို မနက်ဖြန်အရောက်လာပြီး
ရန်ကုန်မယ်ရုံးထိုင်ပေးဖို့အတွက်ပြောလိုက်ကွယ် အမိုးခရီးထွက်စရာပေါ်လာလို့ ဒီအတောအတွင်းဖြူ့ကိုစောင့်ရှောက်ပေးပါ ကလေးမက သမီးတို့ထင်နေသလိုမဟုတ်ဘူး အမိုးဒီအချိန်မယ်ဒီလောက်ပဲပြောပြနိုင်သေးတယ်
အမိုးထပ်မှာမယ်နော် နော်လေးကိုအတတ်နိုင်ဆုံးအမှားတွေမများအောင်ထိန်းပေးကြားလား သမီးလဲ့လဲ့"

"ဟုတ်ကဲ့ပါမေမေကြီး လဲ့လဲ့အတတ်နိုင်ဆုံးကြိုးစားပါ့မယ်"

တဖက်က ဒေါ်နော်အယ်လ်မှုးတာဖုန်းချသွားတော့ လဲ့လဲ့တွေးမိတယ် ဖြူက သူတို့ထင်သလိုမဟုတ်ဘူးဆိုတာဘာလဲ နောက်ပြီးဖြူ့ကြည့်ရတာ နော်ဖောဘာတွေပဲသူ့အပေါ်လုပ်နေပါစေဆိုတာမျိုးက အပြစ်ရှိလို့ဆိုတာမျိုးမဟုတ်တာခံစားမိတယ်
ဖြူ့ကိုစတွေ့ကတည်းက ဒီမယ်ပဲနေတယ်ပြောလာတော့ အံဩနေခဲ့ရတာလေ နော်ဖောနဲ့ဖြူတို့ရဲ့ကိစ္စက သူတို့ထင်သလိုအပေါ်ယံကြောနဲ့မဟုတ်တာမျိုးတော့ တွေးမိလိုက်တယ် ဒါပေမယ့်ဖြူကိုယ်တိုင်ကိုက ဟုတ်နေသလိုလုပ်နေတာဆိုတော့ ဘာမှဆက်တွေးလို့မရဘူးပေါ့
မေမေကြီးပြောတာပဲခုချိန်လုပ်ရမှာပဲ နော်ဖောကတော့ ထိန်းရခက်မှာသေချာတယ်ဆိုပြီး သက်ပြင်းသာချလိုက်မိတော့တယ်
💢
အုပ်စိုးနဲ့ချိန်းထားတော့ ဖြူလည်းချိန်းထားတဲ့လမ်းထိပ်ကဆိုင်လေးဆီရောက်နေတာပေါ့ ဘာများပြောမလို့လဲတော့မသိပါဘူး

Love Is LoveWhere stories live. Discover now