Chapter 8(uni)

1.6K 132 0
                                    

ညနေလောက်မှ နော်ဖော အိပ်ယာကနိုးလာတယ် လန်းသွားအောင် Bathtubထဲစိမ်ချိုးလိုက်ခါ အဝတ်အစားလဲပြီး အောက်ဆင်းလာခိုက် မလဲ့အမေနဲ့တွေ့တော့.....

"နော်ဖောလေး နိုးလာပြီလား ထမင်းစားမလား အန်တီပြင်ပေးမယ် လာပါ စားလိုက် တနေ့လုံးအိပ်နေတာ ဘာမွမစားရေသးဘူးမလား"

ဒါနဲ့ပဲ ထမင်းစားဖို့ပြင်လိုက်တယ်၊စားသောက်ပြီး ခြံထဲဆင်းတော့ ဒန်းလွဲမယ်ထိုင်ပြီး ဖုန်းပြောနေတဲ့ မလဲ့ကိုမြင်လို့ အနားသွားလိုက်တော့ဖုန်းကို ကမန်းကတမ်းချလိုက်တာတွေ့ရတယ်

"ဘာလဲ ချစ်ချစ်နဲ့ပြောနေတာမလား ဘာပုန်းလျှိုးကွယ်လျှိုးလုပ်နေတာလဲဗျာ hak hak"

"ပြီးပါပြီဟယ် နင့်လည်း အိပ်လိုက်တာများ နော်လေးရယ် ညနေတောင်ရောက်ပြီ ထမင်းစားမလား"

"အခုပဲအန်တီကျွေးလို့စားခဲ့ပြီးပြီ ဒါနဲ့ အနော့်ကို ဟိုထူးထူးဆန်းဆန်းတယောက်အကြောင်း လင်းဉီး မလဲ့ရာ"

"ဘယ်ထူးထူးဆန်းဆန်းလဲ နော်လေးရ"

"ဖြူလေ အဲ့တယောက်အကြောင်းကိုပြောပြ"

မလဲ့ကနော်ဖောမျက်နာကိုသေချာစိုက်ကြည့်လာရင်းက.....

"ဘာဖြစ်လို့ဖြူ့အကြောင်းကို သိချင်လာရတာလဲနော်လေး နင်စိတ်ဝင်စားတာတော့မဟုတ်လောက်ပါဘူး နင်ကြိုက်တာမျိုးက Hotတာမျိုးပါ ဖြူကလှတာတော့တကယ်လှတဲ့သူ ဒါပေမယ့် ​ေနာ်​ေလးTypeမဟုတ်ဘူးဆိုတာ လဲ့လဲ့သိနေတာပဲဟယ်"

"Hotတာတွေ မHotတာတွေထားစမ်းပါ မလဲ့ရာ သိချင်လို့မေးတဲ့ဟာကို ဘာလဲသူ့သူငယ်ချင်းအကြောင်းမပြောပြချင်တာလား"

"လဲ့လဲ့ပြောမယ် နော်လေးရဲ့ ဖြူ့အကြောင်းဆိုတာ ဘာမှပြောစရာကိုမရှိတာ ဖြူကအဲ့လောက်ရိုးတာဟဲ့ ဒါပေမယ့်...''

"ဘာဒါပေမယ့်လဲဗျာ မလဲ့ဟာကလည်း သူ့အကြောင်းမေးတာလေးကိုပဲ ဖြစ်ပျက်နေလိုက်တာက ဘာလဲ သူ့မယ့် လျှို့ဝှက်ချက်တွေရှိနေလို့များလား ဟဲဟဲ😁"

မလဲ့မ်က္နာက စိတ်မကောင်းတဲ့ဘက်ရောက်သွားပြီး.....

"လျှို့ဝှက်ချက်ဆိုတာထက် ဖြူလေးမယ်က စိတ်မကောင်းစရာကိစ္စတွေများတယ် နော်လေးရဲ့"

Love Is LoveWhere stories live. Discover now