နော်ဖောတို့ အိမ်ကြီးရဲ့အပေါ်ဆုံးအထပ်မယ်လသာဆောင်အကျယ်ကြီးရှိတယ် အပန်းဖြေစရာလိုလုပ်ထားတဲ့နေရာတခုပေါ့ Dreambedအကြီးစားလေးပေါ်မယ် နော်ဖောက ဖြူ့ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲဖက်ထားပြီး နှစ်ယောက်သားအတူ လမင်းကြီးနဲ့ကြယ်တွေကိုကြည့်ရင်း ညရဲ့အေးချမ်းမူနဲ့အတူစီးမျောနေကြတယ် လမင်းကြီးက ညရဲ့ကောင်းကင်ပေါ်ထိန်လင်းနေတယ် မြင်ရတာမျက်စိထဲအေးချမ်းလို့နေတာပေါ့ ချစ်သူနဲ့အတူဆိုတော့ပိုပြီးသာယာနိုင်တယ်မလား
"ဖြူ...ဖြူအဲ့ဒီလမင်းကြီးမဖြစ်ချင်ဘူးလား အနော်ကတော့မဖြစ်ချင်ဘူးသိလား"
"ဘာလို့လဲ"
"ဘယ်လောက်ပဲထိန်လင်းနေပါစေ လှပနေပါဦး သူ့မယ်တယောက်တည်းကြီးလေ အထီးကျန်နေမှာပေါ့ အကယ်လို့အနော်သာ သူ့နေရာဆိုပျင်းသေနိုင်တယ်"
"လမင်းကြီးပါဆို ဘယ်လိုပျင်းမှာလဲအနော်ရဲ့"
"အနော်ကသူ့နေရာမယ်ဆိုပါဆို ဘာမှလည်းပျော်စရာရှိမှာမှမဟုတ်တာဖြူရဲ့"
"သူ့အလင်းရောင်က ဖြူတို့အတွက် အကျိုးရှိတယ်လေ အခုလို လျှပ်စစ်မီးတွေဘာတွေမရှိခင်ကဆို ပိုတောင်သူ့အလင်းရောင်ကပိုပြီးအကျိုးရှိတာပေါ့ နောက်ပြီး လရဲ့အပြောင်းအလဲကိုကြည့်ပြီး တွက်ချက်လို့ရတဲ့ကိစ္စတွေလည်းရှိတယ်လေ သိလား"
"အင်း အများကြီး"
"ဒီလောက်အကျိုးလည်းရှိ တန်ဖိုးလည်းကြီးတဲ့လမင်းကြီးမဖြစ်ချင်ဘူးပေါ့"
"ဟင့်အင်း အနော်သာလမင်းကြီးဖြစ်ရမယ်ဆို ဖြူအနားမယ်ရှိမှဖြစ်မှာ မဟုတ်ရင် လုပ်ဖူး"
"အကောင်းပြောနေတာလားလို့😅"
"တကယ်ပြောတဲ့ဟာကို ဖြူ့ကိုအနော့်နားပဲထားမှာ တသက်လုံး ဘယ်မှမသွားခိုင်းဘူး ဖြူကကော အနော့်အနားနေမယ်မလား"
ဖြူက အနော့်ပါးလေးကိုနမ်းလိုက်ပြီး.....
"အနော်ကရူးတော့မယ်သာပြောသေးတာပါ ဖြူကရူးနေပြီသိလား"ပြောရင်း နော်ဖောရင်ခွင်ထဲ တိုးသထက်တိုးဝင်သွားတော့သည်။
![](https://img.wattpad.com/cover/267290310-288-k424296.jpg)
YOU ARE READING
Love Is Love
Fanfiction"ငယ်ဘဝစိတ်ဒဏ်ရာတွေကြောင့် ဘဝကိုရိုးစင်းလွန်းစွာနေထိုင်လာခဲ့သူ အချစ်ဆိုတာဘာမှန်းမသိခဲ့လောက်အောင်ပင် အေးစက်စက်နိုင်ခဲ့တဲ့ မိန်းကလေးဖြစ်တဲ့ "ဇွန်ပွင့်ဖြူ" အချစ်ကိုတွေ့ရှိလို့ သူမချစ်မိသွားခဲ့တဲ့အချစ်ဦးကလည်း မိန်းကလေးတယောက်ဖြစ်လာခဲ့သောအခါဝယ်" "ကျိကျိတ...