Chapter 22(uni)

1.2K 106 1
                                    

နော်ဖောနဲ့ဖြူ အိမ်ရောက်တာ တပတ်ပင်ပြည့်တော့မယ် ဒေါ်နော်အယ်လ်မှုးတာစဥ်းစားနေမိတယ် ဒီကလေးအရင်ကဆို ကောင်မလေးတွေအိမ်ကိုခေါ်လာ ပြီးရင် အိမ်မှာကပ်တယ်ဆိုတာမရှိ Clubတွေလျောက်သွား ခရီးအတူထွက်လိုက်နဲ့
အိမ်ကပ်တဲ့အခါမျိုးတောင် Partyပွဲပေးရတာကအနည်းဆုံးလုပ်တတ်သည်မလား

အခုဒီမိန်းခလေးနဲ့ကျတော့ အရင်အကျင့်တွေဆိုတာ မမှတ်မိနိုင်တော့အောင် သူ့သမီးလေးပြောင်းလဲသွားတာတွေ့နေရသည် ဒီမိန်းခလေးအနားမယ်ရှိနေတာကိုကဒီကလေးအတွက်ကျန်တာမလိုတော့သည့်ပုံစံမျိုး တဖက်ကမိန်းကလေးကလည်း သူ့သမီးလေးကိုတွယ်တာနေတာသိသာတယ် ဟိုဟာပူဆာ ဒါပူဆာနဲ့အခွင့်အရေးလည်းမယူ ဒီမိန်းခလေးသည်လည်း နော်ဖောဘေးနားရှိနေရတာကိုကကျေနပ်နေသည့်ပုံပင်

မိန်းခလေးရဲ့အကြောင်းတွေကို သူမအဆက်အသွယ်တွေကတဆင့်သိရှိပြီးဖြစ်သည် သိထားရတာတွေအပေါ် စိတ်တော့မကောင်းလှချေ လဲ့လဲ့နဲ့လည်းဖုန်းဖြင့်စကားပြောကြည့်တော့အခုသူမတွေ့နေရသည့် ဒီမိန်းခလေးရဲ့အပြုအမှုလေးတွေက တကယ်စိတ်ရင်းအခံလေးဆိုတာသိရတယ်

အလိုလိုက်အကြိုက်ဆောင်ထားခဲ့တဲ့သူ့သမီးလေးကို သူမဖြစ်စေချင်တဲ့ လမ်းကြောင်းပေါ်ချပေးဖို့က သူမအတွက်ခက်ခဲ့နေခဲ့တာ ခု ဒီမိန်းခလေးကိုတွေ့ပြီးမှ ဒါဟာသူမအတွက်အကောင်းဆုံးသောအခွင့်အရေးဆိုတာ ဒေါ်နော်အယ်လ်မှုးတာတွေးနေမိတယ် မိန်းခလေးနဲ့သီးသန့်စကားပြောဖို့တော့စီစဥ်ရမည် အခွင့်အရေးတော့ရမှာပါလေ မနေ့ကလဲ နှောင်းရိပ်ချိုနဲ့တိုင်ပင်နေသေးတယ် အဓိကက ဇွန်ပွင့်ဖြူဆိုသောမိန်းကလေးပဲ ကိုယ့်planက သူလေးအပေါ်ပဲမူတည်နေတာမလား ဒေါ်နော်အယ်လ်မှုးတာတယောက် ခြံထဲကိုယ့်အတွေးနဲ့ကိုယ်တွေးနေရင်း နော်ဖောလေးတို့ခြံထဲအတူဆင်းလာတာတွေ့လိုက်ရတယ်

"Candyလေးတို့များ ငြိမ်နေချက် သမီးဖြူလည်းပျင်းနေရှာမှာပေါ့ ဘယ်မှလည်းမထွက်တော့ နည်းနည်းပါးပါးအပြင်လေးဘာလေးလိုက်ပို့ Shoppingလေးထွက်ြကပေါ့"

"အမိုးနော် အနော်ကလိုက်မပို့တာမဟုတ်ဘူး ဖြူကဒါမျိုးတွေမသွားတတ်လို့သာ"

Love Is LoveWhere stories live. Discover now