Chapter 50(uni)

923 61 4
                                    

နော်ဖော ဖြူ့ဆီဖုန်းဆက်တာစက်ပိတ်ထားပါသည်နဲ့ပဲတိုးနေတော့ စိတ်ကတိုလာတယ် အရင်ဆို ဖြူကအားတိုင်းသူမကပဲ Messageပို့လိုက်ဖုန်းခေါ်လိုက်လုပ်နေတာမလား
ဒါနဲ့အမိုးကိုဖုန်းဆက်တော့လည်းတော်တော်နဲ့မရ နောက်ဆုံးဖုန်းဝင်သွားလို့ ဖြူဘာဖြစ်နေတာလဲမေးတော့ နေမကောင်းလို့ အမိုးဆေးတိုက်ထားတယ်ပြောတယ် ဖုန်းလေးပေးပေးဆိုတော့အိပ်နေတယ်တဲ့
တခုခုတော့မှားနေပြီဆိုတာ သူသိတယ် မဟုတ်ဘူး သူခံစားမိနေတယ်

ဖြူဒီလိုတခါမှမလုပ်ဖူးဘူး အဖျားကြီးလို့အိပ်ယာထဲကမထနိုင်ရင်တောင် နော်ဖောအသံလေးကြားရမှနေလို့ကောင်းတာဆိုပြီး ဆက်တဲ့သူမလား
ဒါနဲ့နှောင်းရိပ်ချိုဆီဖုန်းဆက်လိုက်တယ် နောက်ပိုင်းသူနဲ့နှောင်းရိပ်ချိုဆက်ဆံရေးက မေးထူးခေါ်ပြောလောက်တော့တိုးတက်လာခဲ့တယ် သူမကလည်း အနေမှန်နေတော့ နော်ဖော အရင်ကလောက် မရင့်သီးတော့ဘူးလေ ဒါကြောင့် ဘာဖြစ်နေတာလဲ အကြောင်းသိရအောင် သူမကိုပဲဖုန်းခေါ်လိုက်တာဖြစ်တယ် ဖုန်းဝင်တော့.....

"Helloမနှောင်းရိပ်ချို.... အနော်ပါ အမိုးCompanyမယ်ရှိလား"

"အန်တီ ဒီနေ့နားတယ် နော်လေး လုပ်စရာရှိတယ်ပြောသွားတယ်"

"ဟုတ်လား ဒါနဲ့အိမ်ကိုရောက်ဖြစ်သေးလား ဖြူနဲ့ကော တွေ့သေးလား"

"ဒီရက်ပိုင်းတော့မရောက်ဖြစ်ပါဘူး ဘာများဖြစ်လို့လဲဟင်"

"မဟုတ်ပါဘူး ဒီတိုင်းမေးကြည့်လိုက်တာပါ ဒါဆိုဒါပဲနော်"

သူမလဲမသိဘူးတဲ့ မဟုတ်တော့ဘူး ဒါပုံမှန်အခြေအနေမဟုတ်တာနော်ဖောရိပ်မိလာတယ်
ဒါနဲ့ပဲ ဒီနေ့အလုပ်တွေလက်စသက်ပြီး မနက်ဖြန်မနက် ရန်ကုန်ပြန်မယ်တွေးလိုက်တယ် ဘာလို့လည်းတော့မသိ သူ့စိတ်တွေလေးနေတာကိုခံစားမိလိုက်လို့အလုပ်ပင်ပန်းလို့ဖြစ်မှာပါလေလို့ပဲလွယ်လွယ်တွေးလိုက်တော့တယ်
💢
နော်လေးကသူမကိုဖုန်းဆက်ပြီးမေးတော့ မကြာခင်နော်လေးသိတော့မှာကို နှောင်းသိလိုက်တယ် အခုသိလည်းကောင်းတာပဲ နောက်ပြီးအန်တီ့ကိုတဖက်လှည့်နဲ့ပို့ပေးတာတွေကိုအန်တီယုံမှာမဟုတ်ဘူးလို့ မျှော်လင့်ထားပြီးသားပါ
အဓိကကသိသွားစေချင်ရုံသပ်သပ်လေ အန်တီ့လိုလူတယောက်ကို ဒီလောက်လေးနဲ့လှည့်စားလို့မရတာနှောင်းသိတယ် နှောင်းအစီအစဥ်တွေမှာလည်း လှည့်စားတာတခုမှမပါပါဘူး
အားလုံးကသူ့အချိတ်အဆက်လေးတွေနဲ့လိုရာရောက်သွားလိမ့်မယ် တကယ်က မြတ်သူကျော် ဇွန်ပွင့်ဖြူကိုအပါခေါ်သွားပြီးကတည်းက နှောင်းကရှစ်ဆယ်ရာခိုင်နှုန်းအနိုင်ရနေပြီလေ
မြတ်သူကျော်ကကနှောင်းရဲ့ထောင်ချောက်ထဲ သူ့ဟာသူခုန်ဆင်းလာတာမလား

Love Is LoveWhere stories live. Discover now