Chapter 53(zg)

361 6 0
                                    

မြတ်သူကျော်လည်း အုပ်စိုးနဲ့အောင်ခန့်တို့နဲ့အတူ စားသောက်ဆိုင်တဆိုင်မယ် ထိုင်သောက်နေတာပေါ့ ဖြူက သူမလုပ်စရာရှိလို့ သူငယ်ချင်းတွေပါခေါ်သွားပြီးရှောင်ပေးပါပြောလာတော့ သူတို့လည်း ဒီဆိုင်ရောက်ပြီး သောက်နေကြတာဖြစ်တယ်
တောင်စဉ်ရေမရစကားတွေပြောနေရင်းက မြတ်သူကျော်ကို တချိန်လုံးအကဲခတ်သလိုစောင့်ကြည့်သလိုကြည့်နေတဲ့ အုပ္စိုးကပဲ သူ့စိတ်ထဲ မနေနိုင်အောင်သိချင်နေတာကိုမေးလိုက်တယ်

"မြတ်သူ ငါမင်းကိုမေးစရာရှိတယ် သားကြီး"

"ဘာမ်ားလဲဟ မေးလေ"

"မင်းနဲ့ဇွန်ပွင့်ဖြူက ဘယ်လိုဖြစ်ကုန်ကြပြီး ဒီအခြေနေထိဖြစ်လာကြတာလဲ"

"ဘာလားဟ ငါသူ့ကိုချစ်တယ်လေ မင်းသိထားသလို အစကတော့သူလက်မခံလို့ ငါအသည်းကွဲတယ်ပေါ့ ပြီးတော့ ငါ့အချစ်ကိုသူနားလည်လာလို့ ဒီနေ့ပဲလက်ထပ်လိုက်ပြီလေ နားလည်လား"

ဒါကိုဘာမှမသိတဲ့အောင်ခန့်ကတော့ သူသူငယ်ချင်းအတွက်ဝမ်းသာပြီး Congratulationတောင်ထအော်နေသေးတယ်

အုပ်စိုးကတော့မကျေနပ်နိုင်သေးပါ အုပ္စိုးက အမှန်တရားဘက်တော်သားကြီးမဟုတ်ပေမယ့် မတရားတာတို့ နည်းလမ်းမမှန်တာတို့ကိုတော့လက်မခံသူ သူကစိတ်တိုလွယ်တတ်တဲ့သူပါ အခု မြတ်သူကိစ္စက သူ့စိတ်ထဲနည်းလမ်းမှန်မှဟုတ်ရဲ့လားလို့သူသံသယရှိနေတယ်လေ
တောင်ကြီးဒီကောင်ရောက်လာတော့ အခုပဲနိုင်ငံခြားပဲထွက်သွားတော့မှာလိုလို နောက်ထပ်မချစ်ရဲတော့သလိုလို နောက်ပြီး သူနောက်ဆုတ်ပေးခဲ့တယ်လို့လည်းပြောခဲ့တာကို သူကောင်းကောင်းကြီးကိုမှတ်မိပါသေးတယ်

သူကိုယ်တိုင် ကိုယ့်ကောင်ကြီး စိတ်အပန်းပြေပါစေဆိုပြီး ကောင်းကောင်းပြုစုလိုက်သေးတာပါ ဒါကိုဒီလပိုင်းအတွင်းကို ဟိုကောင်မလေးက သူ့ကိုလက်ထပ်တယ်ဆိုတော့ မဟုတ်တာမှန်းတော့သိတယ် ထင်တာတွေကလည်းအများကြီးပါ
ခက်နေတာက မြတ်သူကျော်ဆိုတဲ့ကိုယ့်ကောင်ကလုံးဝအဖြောင့်သမား စိတ္ဓာတ်ဆိုတာလဲ တရက်လောက်လာပေါင်းကြည့် အချစ်ဆုံးသူငယ်ချင်းဖြစ်သွားစေနိုင်တယ်ဆိုသူမျိုးဆိုတော့ သူစဉ်းစားရကျပ်နေတယ် စိတ်ထဲမထားတတ်တဲ့အကျင့်ကနောက်မေးခွန်းကိုဖြစ်ပေါ်လာစေတော့တယ်

Love Is LoveWhere stories live. Discover now