Chapter 60(uni)

944 68 0
                                    

နှောင်းကိုနော်ဖောက သူ့အမိုးသွားချင်တဲ့နေရာတွေကိုပဲ လိုက်ပို့ပေးဖို့ပြောလို့ နှောင်း အန်တီ့ကိုကားနဲ့သွားချင်ရာကိုလိုက်ပို့ပေးနေရင်း ပြီးခဲ့တဲ့၁၅မိနစ်လောက်ကမှ အန်တီ့ဆီဖုန်းဝင်လာပြီးဖုန်းလဲပြောပြီးရော အန်တီကဒီကိုအမြန်မောင်းဆိုပြီး အလောတကြီးပြောလို့ ရောက်လာတာဖြစ်တယ်
Companyရှေ့ကားလဲရပ်ကော အန်တီက နှောင်းတံခါးဖွင့်ပေးတာတောင်မစောင့်တော့ပဲ သူ့ဟာသူပဲဖွင့်ကာ မပြေးရုံတမယ် Companyထဲဝင်သွားတော့ နှောင်းလဲတခုခုပဲဆိုပြီး ကားကိုparkingထိုးလိုက်ကာခပ်သွက်သွက်ပဲအန်တီနောက်လိုက်ရတယ် ဒီလာမှတော့ ခုနက နော်ဖောရှိတဲ့ မလဲ့ရဲ့ရုံးခန်းကိုပဲ အန်တီသွားမယ်လို့တွေးမိကာ နှောင်းလဲအဲ့ကိုပဲလိုက်သွားတော့ အပြင်ကနေ အန်တီရဲ့အသံအကျယ်ကြီးနဲ့ကို အော်ပြောလိုက်သံကို နှောင်းကြားလိုက်ရတယ်

"အဲ့တာကဘယ်လိုလုပ်ရပ်မျိုးလဲ နော်ဖောအယ်လ်မှုး"

နှောင်းလိုက်ဝင်သွားလိုက်ပြီးမှ အခန်းထဲကအရာကိုတွေ့တော့ ခေါင်းမူးချင်သလိုတောင်ဖြစ်သွားရတော့တယ် စိတ်ထဲမှလည်း....

[ဇွန်ပွင့်ဖြူ သူ... သူမှသူအစစ်ပါ ဒါပေမယ့် သူက ကိုမြတ်နဲ့နိုင်ငံခြားမယ်အတူရှိနေတာမလား ဘာလို့အခုဒီမယ်ရောက်နေရတာလဲ နောက်ပြီး ကလေးရှေ့ ဒူးထောက်နေတာက ဘာလဲ ကလေးကိုပြန်လာတောင်းပန်တာလား]

နှောင်းခနလေးအတွင်းကို ခေါင်းထဲ အတွေးများစွာနဲ့မေးခွန်းတွေထွက်လာခဲ့တယ်

နော်ဖောမယ်က သူ့အမိုးက ရုတ်တရက်ကြီးရောက်ချလာတော့ ......

"အမိုးဘယ်လိုလုပ်..Awwမလဲ့ကတော့လေ လာအမိုးလာထိုင် သွားချင်တဲ့နေရာတွေကောရောက်ပြီးပြီလား အနော်နှောင်းကိုလွှတ်ပေးလိုက်တာ အမိုးအဆင်ပြေအောင်လို့လေ"

နော်ဖောက သူ့အမိုးလာတာတောင် အေးအေးအေးအနေအထားနဲ့စကားကိုပြောနေတယ် ဒါပေမယ့်အမိုးပုံစံကပုံမှန်မဟုတ်တာကိုသူသိနေတယ် အမိုးကအရင်ဆုံး ဖြူ့အနားကိုချက်ချင်းသွားလိုက်တယ်
ပြီးတော့ သမီးထဆိုပြီး ဖြူ့ကိုဆွဲထူပေမယ့် ဒူးထောက်ထားရတဲ့ဒဏ်နဲ့မထနိုင်ပဲကြမ်းပြင်ပေါ်မယ်ပဲထိုင်ချလိုက်တော့ အမိုးကအသာထိန်းပေးတယ်
ဖြူနေရာတကျထိုင်ပြီးတော့မှအမိုးက မတ်တပ်ရပ်ကာစကားစပြောတော့တယ်

Love Is LoveМесто, где живут истории. Откройте их для себя