Chapter 42(zg)

333 5 0
                                    

အချိန်တွေကတဖြေးဖြေးကုန်ဆုံးလာခဲ့တယ် ဖြူပင် အမိုးရဲ့ဆက်သွယ်ပေးမှုကြောင့် ကိုယ်ပိုင်ကျောင်းတကျောင်းမယ် ၇တန်းသင် အလယ်တန်းပြဆရာမတယောက်ဖြစ်လာခဲ့တယ်
ဖြူ့ရဲ့အသင်အပြကောင်းမှု စိတ်ရှည်ပြီးစေတနာထားမှုတွေအပြင် အမိုးရဲ့မျက်နာကြောင့်အထက်တန်းလွှာကကလေးတချို့ရဲ့Guideအဖြစ်ပါနာမည်ရလာခဲ့တာပေါ့
နော်ဖောကလည်း ကျောင်းပြီးသွားလို့ businessအပိုင်းအတွက်သာသပ်သပ်လေ့လာနေပြီး မကြာခင်ပြန်လာတော့မည်ပြောတယ် နော်ဖောပြန်လာမယ့်ရက်တွေကိုမျှော်ရင်းဖြူကြိတ်မှိတ်စောင့်နေခဲ့တာပါ

ရန်ကုန်စရောက်တော့ အမိုးဆီမယ်နေဖြစ်တယ် ဒါပေမယ့် အခွင့်ထူးခံကြီးလိုမျိုးမနေချင်တာကော နော်ဖောအမျိုးတွေရဲ့ လူရှေ့ကျမျက်နာချိုသွေးပြကာ နောက်ကွယ်ကျ လိင်တူကြိုက်တာငွေမက်လို့ဆိုတဲ့ ကောလဟလတွေကိုမခံချင်တာကြောင့်မလို့ ဖြူတိုက်ခန်းလေးဝယ်ပြီး သပ်သပ်နေလိုက်တာပါ
အမိုးကိုလည်းသေချာရှင်းပြခဲ့သလို နော်ဖောကိုအသိပေးတော့ ဒါမှအနော့်မိန်းမကွလို့တောင် သူလေးကအားရပါးရမြောက်ပေးနေသေးတယ်လေ
အရင်နော်ဖောဘာလို့ သူ့အသိုင်းအဝိုင်းကို နိမ်သလို မောက်မာပြီး ဆက်ဆံနေတာလဲကိုနားလည်မိလာတယ်
လူတချို့က သူတို့နဲ့တန်တဲ့ ဆက်ဆံရေးလောက်ပဲပေးသင့်တာကိုလဲသိလာရတယ်လေ

"ဖြူ"

"Aww!ကိုမြတ်သူ ရောက်လာပြီလား"

"ဟုတ်ကဲ့ ဖြူ လာလေ ကျနော်စားဝိုင်းမှာထားပြီးသား သွားကြရအောင်"

နေပြည်တော်မယ် ဖြူနဲ့မြတ်သူကျော် မိတ်ဆွေရင်းတွေလိုခင်မင်ခဲ့ကြပြီး သူ့သဘောထားတွေကို မကြာခနလှစ်ပြခဲ့ပေမယ့် ဖြူကဘာမှတုံ့ပြန်မလာခဲ့ဘူး
ရန်ကုန်ရောက်တော့ ဖြူကဆရာမအလုပ်ဝင်သလို သူလည်းရန်ကုန်ကဦးလေးရဲ့လုပ်ငန်းတွေမယ်ဝင်လုပ်နေခဲ့ကာ ဖြူနဲ့ဆက်ပြီးခင်မင်ရင်နှီးလာစွာနေလာခဲ့ကြတယ်လေ
သူစုံစမ်းကြည့်ရသလောက် မြင်တွေ့ရသလောက် သူမမယ်ချစ်သူရည်းစားမရှိနိုင်ပါ သူမမိသားစုကိုတီးခေါက်ကြည့်တော့လည်း ရေရေရာရာပြန်ပြောတာမရှိဘူး(ဖြူကသူမကိုယ်တိုင်ပဲ ဒီကိစ္စကိုကိုင်တွယ်မယ်ပြောဆိုထားတယ်လေ) ဆိုတော့ ဒီနေ့ညတော့ ဖြူ့ကို proposeလုပ်တော့မယ်လို့ဆုံးဖြတ်ထားကာ ညစာဖိတ်ကျွေးဖို့ခွင့်တောင်းထားတာဖြစ်တယ်

Love Is LoveOnde histórias criam vida. Descubra agora