Chapter 43(zg)

391 10 0
                                    

ညကတညလုံး မြတ်သူကျော်အိပ်လို့မပျော်ခဲ့ပါဘူး ညစာလိုက်ကျွေးရင်း သူရဲ့ခံစားချက်တွေကိုဖွင့်ပြောတော့ ဖြူကမထင်မှတ်ထားတဲ့အခြေအနေမျိုးနဲ့သူ့ကိုငြင်းခဲ့တာကိုပြန်စဉ်းစားမိနေတယ်
ဘယ်လိုမှကိုသူမထင်ထားခဲ့တာပါ ဖြူ့မယ်ချစ်သူရှိပြီးသားမို့ငြင်းတာခံရတာကထားဦး ဖြူ့ရဲ့ချစ်သူကမိန်းကလေးတယောက်ပဲဆိုတာသိလိုက်ရတော့ လောကကြီးကအတော်ရှုပ်ထွေးတာပဲတွေးနေမိတယ်

Queensland Organizationစီးပွားရေးလုပ်ငန်းအကြောင်း သူကောင်းကောင်းသိပါတယ် နှောင်းရိပ်ချိုတောင်အဲ့ဒီမယ်ဆိုတာ သူမနဲ့ထပ်ဆုံတော့ပြောပြလို့ Congratulationsဆိုပြီးတောင်သူဂုဏ်ပြုစကားပြောခဲ့လိုက်သေးတယ် ဘယ်နေရာလဲတော့ မမေးခဲ့လိုက်ပါဘူး
ဒါပေမယ့် အဲ့မယ်နေရာတခုရဖို့ကလွယ်တဲ့ကိစ္စမဟုတ်ဘူးလေ သူတို့နဲ့ Partnersဖြစ်ဖို့အတွက် စီးပွားရေးလောကမယ်ဘယ်လောက်အလေးထားကြတယ်ဆိုတာလည်း သူသိပါတယ်
အဲ့လောက်ကို အရှိန်အဝါကြီးတဲ့လုပ်ငန်းစုကြီးရဲ့ဆက်ခံသူမိန်းကလေးက ဖြူ့ရဲ့ချစ်သူဆိုတာသိလိုက်ရတော့ သူလုံးဝ Surpriseဖြစ်သွားတယ် စိတ်ဓာတ်လည်းအတော်ကျသွားရတယ်

ဖြူ့ကိုသူ စွဲစွဲလန်းလန်းချစ်ခဲ့မိတာ အခုတော့ ပထမဆုံးတိုက်ပွဲမှာပဲ သူတပ်ဆုတ်ရတော့မယ် ပြီးတော့ ဖြူ့ကိုလက်လွတ်အဆုံးရှုံးခံပေးလိုက်ရမည့်သူက မိန်းကလေးတယောက်တဲ့လေ
မကျေနပ်ပဲခံပြင်းမိသည်ကတော့အမှန်ပင် ဒါပေမယ့် ပိုင်ရှင်ရှိပြီးသားဖြူ့ကို သူဘယ်လိုလုပ်ပိုင်ဆိုင်နိုင်ရတော့မှာလဲ
စိတ်တွေညစ်ပြီး လောလောဆယ်တော့ဒီမယ်နေချင်စိတ်မရှိဖြစ်လာတာကြောင့် ဦးလေးကိုသူအလုပ်တွေကခဏနားဦးမယ်ပြောပြီး တောင်ကြီးကအုပ်စိုးဆီထွက်လာခဲ့လိုက်တော့တယ်

ဆိုရိုးစကားတွေရှိတယ် ရှင်လိင်ပြန်တဲ့နေ့ ထောင်ကထွက်တဲ့နေ့တွေက အပျော်ဆုံးအချိန်တွေတဲ့
ဒါပေမယ့် နော်ဖောအတွက် ဖြူနဲ့အကြာကြီးခွဲနေရပြီး ပြန်တွေ့မယ့်နေ့က သူ့အတွက်အပျော်ဆုံးနေ့လို့ပဲထင်မိတယ်
သူ့အနေနဲ့U.Sမယ်ဘွဲ့လည်းရ လိုအပ်တာတွေအကုန်ကိုလည်း ကြိုးစားပန်းစားသင်ယူခဲ့ရလို့ ဘယ်လောက်ပဲပင်ပန်းခဲ့ရပါစေ အခုလိုဖြူ့အနားပြန်ရတော့မယ်ဆိုတဲ့အချိန်လည်းရောက်ရော မာရသွန်အပြေးသမားတယောက် ပန်းတိုင်ရောက်သွားသလိုမျိုးကိုပျော်နေရတာပေါ့
မြန်မာပြည်နဲ့နီးလေ သူ့စိတ်တွေကလောလာလေပါပဲ ဖြူကသူ့ကိုလာကြိုမယ်ပြောထားတယ်လေ

Love Is LoveWhere stories live. Discover now