Chapter 54(zg)

346 9 0
                                    

မြတ်သူကျော် ဆေးရုံက ဖြူ့ကိုထားတဲ့အခန်းလေးအတွင်းမယ် ကုတင်လေးပေါ်ကသတိပြန်မလည်လာသေးတဲ့ဖြူ့ကို ဘေးနားမယ်ထိုင်ပြီးကြည့်နေမိတယ် အုပ်စိုးနဲ့အောင်ခန့်ကလည်း တညလုံးလူနာစောင့်နေတော့ အခန်းထဲက လူနာစောင့်ခုံလေးတွေပေါ်အိပ်ပျော်နေကြတယ်
ဖြူသတိမေ့နေတာ၂ရက်တောင်ရှိတော့မယ် ဖြူ Suicide လုပ်ပြီး အချိန်မကြာခင် သူတို့်တွေ့လို့သာ အသက်ကိုကယ်နိုင်ခဲ့ရတာ ကုတင်လေးပေါ်က အောက်စီဂျင်ပိုက်တွေကြားထဲက ဖြူ့ပုံစံလေးက သူမကိုသူစတွေ့ပြီး ချစ်ခင်စွဲလန်းခဲ့ရတဲ့ ဖြူနဲ့လားလားမှမသက်ဆိုင်တော့တဲ့ပုံစံလေးဖြစ်နေတယ်
ဖြူဒီလိုအခြေအနေရောက်သွားရတာ သူ့ကြောင့်ပါ ရိုးသားဖြူစင်တဲ့ဖြူ့ရဲ့ဘဝလေးကို တကိုယ်ကောင်းဆန်ပြီး ပူလောင်နေတဲ့သူ့အချစ်တွေနဲ့ ဖျက်ဆီးခဲ့မိတယ်
သူရဲ့အတ္တနဲ့မျက်ကန်းတယောက်လို ရူးသွပ်မှုတွေကြောင့် အေးချမ်းစွာတည်ဆောက်ထားခဲ့တဲ့ သူမရဲ့ကမ္ဘာလေးပြိုကွဲသွားခဲ့ရတယ်

မြတ်သူကျော် နောင်တဆိုတာထက်ပိုတဲ့နောင်တတွေရနေမိပြီး အမှားကြီးမှားခဲ့ရတဲ့သူ့လုပ်ရပ်တွေအတွက် ယူကြုံးမရဖြစ်နေရတော့တယ်
ဖြူ့ကိုအရမ်းချစ်လွန်းပါတယ်ဆိုတဲ့သူ့အချစ်တွေဟာ ဖြူ့အတွက်တော့ငရဲကျနေရသလိုခံစားသွားခဲ့ရတာကို သူမျက်ကွယ်ပြုသလိုဖြစ်ခဲ့ရတယ်
အချစ်ရဲ့တန်ဖိုးကို အဆင့်အတန်းနဲ့ပြောမယ်ဆို သူ့အချစ်ကအောက်တန်းကျတဲ့အချစ်မျိုးဖြစ်နေတယ်

"ကိုယ်တောင်းပန်ပါတယ် ဖြူရယ် ကိုယ့်ကိုဖြူဘယ်တော့မှခွင့်လွှတ်နိုင်တော့မှာမဟုတ်တာကို ကိုယ်သိပါတယ် ဖြူကိုယ့်ကို အရမ်းမုန်းနေမယ် ရွံရှာနေမယ်ဆိုတာလည်း ကိုယ်သိနေပါတယ် ဒါပေမယ့် ဒါတွေအကုန်လုံးအတွက် ကိုယ့်မှာ တောင်းပန်ပါတယ်ဆိုတဲ့စကားလေးပဲ အခုအချိန်မယ်ပြောနိုင်တော့တာတောင် ဖြူကမကြားနိုင်တဲ့အခြေအနေဖြစ်နေတယ် သတိပြန်ရပါတော့ဖြူရယ် ဖြူသတိပြန်ရလာရင် ဖြူဖြစ်တဲ့ဆန္ဒတွေအတိုင်း ကိုယ်နာခံသွားမှာပါ ဖြူဘာပဲဖြစ်ချင်ဖြစ်ချင် ဖြူဖြစ်စေချင်တဲ့အရာကို ဖြစ်အောင်ကိုယ်လုပ်ပေးမှာပါ အခုတော့ သတိလေးပြန်ရပါတော့ ဖြူရယ် ကိုယ်တောင်းပန်ပါတယ် သတိပြန်ရပေးပါတော့😭"

Love Is LoveWhere stories live. Discover now