Chapter 70(zg)

413 7 0
                                    

နော်ဖောကားကို နှောင်းရိပ်ချိုပြောတဲ့
နော်ဖောရဲ့အဖေဖြစ်သူဆုံးပါးသွားခဲ့တဲ့ချောက်ကမ်းပါးလေးကိုဦးတည်မောင်းလာခဲ့လိုက်တယ်
ရောက်ခါနီးတော့
အုပ်စိုးက ကားအထုပ်အပိုးတွေထားတဲ့နောက်ကွက်လပ်မယ် တမင်ကိုထည့်ထားတဲ့ အထုပ်တွေကြားထဲဝင်ပုန်းနေလိုက်တယ် ကားကိုလဲအကြံနဲ့ နှောင်းရိပ်ချိုကားနားထိမောင်းပြီးမှရပ်လိုက်တယ်

နှောင်းရိပ်ချိုက ကားသံကြားတာနဲ့ သတိရနေပြီဖြစ်တဲ့ဖြူ့ကို ကျောဘက်အကျီကနေဆွဲကာ ချောက်ကမ်းပါးနားကိုခေါ်လာတယ် ပါးစပ်ကိုအဝတ်နဲ့စည်းထားသလို လက်ကိုလည်းကြိုးနဲ့တုပ်ထားတယ်လေ လက်ထဲကဓားလေးကတော့ ဖြူ့လည်ပင်းနားမယ်ပေါ့

ဖြူ့မယ်ဘာမှကိုနားမလည်သေးပါဘူး သူမကစောနကမှနိုးလာတာလေ
နိုးလာတော့ နှောင်းရိပ်ချိုကသူ့ကိုဖမ်းလာတယ်ဆိုပြီး အူကြောင်ကျားစကားတွေပြောနေပေမယ့် ဖြူကတော့သိပ်ထူးပြီးလန့်မနေတော့ပါဘူး ဒါမျိုးတွေဆိုတာ ဖြူ့မယ်ဖြစ်တတ်လွန်းတယ်လေ
ပြီးတော့ စိတ်ဓာတ်ကလည်းကျနေတဲ့အချိန်မလား သူ့ဟာသူကိုရူးချင်နေတဲ့သူဖြစ်နေတော့ ရှင်းရှင်းပြောရရင် ဘာကိုမှစောက်ဂရုမစိုက်တော့တဲ့အနေအထားမလို့ ပြန်ပဲလုပ်ချင်နေတော့တယ်
ဒါနဲ့လက်ကကြိုးပြုတ်အောင်သာကြိတ်လုပ်နေတယ်လေ
ဒါပေမယ့် နှောင်းရိပ်ချိုရဲ့အစီအစဉ်တွေကိုသာသိရင်တော့ ဒီလိုဘယ်နေနိုင်မလဲ
ဟိုကလည်းပြောကိုမထားတော့ မသိသေးဘူးပေါ့

ဒီလိုနဲ့ နော်ဖောတို့ရောက်လာတယ် ကားပေါ်ကနေနော်ဖောဆင်းလာတာတွေ့တော့မှ
ဖြူလဲဘာလားပေါ့ ဘာတွေဒီမိန်းမကလုပ်ချင်နေတာလဲတွေးမိတော့တယ်
နော်ဖောဘက်ကတော့ အနေအထားကထင်သလိုမဟုတ်သလို ကားထဲကအုပ်စိုးလည်းအကျပ်တွေ့သွားတယ် နှောင်းရိပ်ချို ဖြူ့ကိုခေါ်ပြီးရပ်နေတာက ချောက်ကမ်းပါးနဲ့ ခြေလှမ်း လေးငါးလှမ်းစာလေးတောင်မဝေးတဲ့နေရာမယ်လေ သူတို့နဲ့နီးပေမယ့်
ဖြူကသူ့လက်ထဲဆိုတော့ ကယ်ထုတ်မယ့်အစီအစဉ်ကပျက်သွားတယ်လေ
ဒါနဲ့ပဲ ဒီလောက်ဖြစ်နေတဲ့ကောင်မသတ်ပစ်မယ်ပဲတွေးနေပြီး အခြေအနေကိုစောင့်ကြည့် အခွင့်အရေးကိုမျှော်နေလိုက်တော့တယ်

Love Is LoveWhere stories live. Discover now