Chapter 67(uni)

1K 71 3
                                    

"ရှင်..."

<ဒုတ်....ဂွက်..>

တဖက်ကဖုန်းနဲ့ဆက်သွယ်လာတော့ ရဲစခန်းကတဲ့ ပြီးတော့ အုပ်စိုးကအချုပ်ထဲရောက်နေတယ် တဖက်ကအမှုအများကြီးနဲ့တရားစွဲထားတာ လာဖြေရှင်းပါလို့ပြောလာတော့ ဖြူလဲလက်ထဲကဖုန်းတောင်လွတ်ကျသွားခဲ့ရတယ် ဒါနဲ့ရဲစခန်းကို Taxiငှားကာအမြန်လာခဲ့လိုက်တယ်
အထဲရောက်တော့ အုပ်စိုးကသံတိုင်နောက်မယ်ဖြစ်နေပြီလေ အရင်ဆုံးစခန်းမှုးနဲ့စကားပြောတော့ အုပ်စိုးက နော်ဖောလဲ့ထားတို့ရုံးခန်းထဲဝင်သောင်းကျန်းပြီး နော်ဖောအယ်လ်မှုးကို ကိုယ်ထိလက်ရောက်ထိုးခဲ့လို့ တဖက်ကအမှုဖွင့်တရားစွဲထားတာကိုပြောပြတယ်
အုပ်စိုးနဲ့စကားပြောလို့ရမလားမေးတော့ ခနတော့ရတယ်ပြောလို့ အုပ်စိုးဆီလာပြီးစကားပြောရတယ် ငိုပြီးတော့ပေါ့

"အကိုရယ် ဖြူပြောနေတာကို ဘာလို့သွားသောင်းကျန်းတာလဲ ခုဘယ်လိုလုပ်ကြမလဲ"

"ဒါသူတို့သက်သက်ယုတ်မာတာညီမရဲ့ အကိုကသောင်းကျန်းတာမဟုတ်ဘူး တွေ့ခွင့်တောင်းပြီးလက်ခံလို့တွေ့တာပါ ပြီးတော့ သူဘက်ကအရင် အကို့ကိုထိုးဖို့ကြိုးစားလာတာပါဟာ"

အုပ်စိုးကဖြစ်ခဲ့တာတွေကိုအကုန်ရှင်းပြတော့ ဖြူလဲငိုင်သွားတယ် အုပ်စိုးမမှားဘူးသိလိုက်ပေမယ့် သူတို့နေရာအတွင်းဆိုတော့ ဘာမှလုပ်မရဘူးလေ
နောက်ပြီးအုပ်စိုးကဘာမှမဖြစ်ဘူး နော်ဖောကနှုတ်ခမ်းကွဲသွားတယ်တဲ့လေ စွဲထားတဲ့အမှုတွေကလည်းနည်းတာမဟုတ် ပြီးတော့ နော်ဖောတို့ရဲ့နောက်ခံနဲ့အမြင်ကပ်ပုဒ်မတွေကလာဦးမယ်မလား
အုပ်စိုးကထောင်ချောက်ထဲ ကခုန်ပြီးဝင်သွားတဲ့အတိုင်းကိုဖြစ်သွားတာပေါ့

"ညီမ ပြန်လိုက်တော့ အကို့ကိုစိတ်ပူမနေပဲထားခဲ့လိုက်ပါ နင့်ကိစ္စတွေနဲ့နင်ကိုစိတ်ညစ်နေရတာမလား"

"ဘယ်လိုပြောလိုက်တာလဲအကိုအုပ်စိုးရယ် အကို့ကိုစွဲထားတဲ့ပုဒ်မတွေနဲ့ဆို ထောင်ထဲကကိုထွက်ရတော့မှာမဟုတ်ဘူး
ပြီးတော့အကိုကတော့ အနော့်ကိုထိုးလိုက်တာ အများအမြင်မယ်က Queenslandရဲ့ဥက္ကဌကိုထိုးလိုက်တာလေ
ဖြူကဒါကိုဘယ်လိုလုပ်အကို့ကိုဒီအတိုင်း ထားခဲ့နိုင်မှာလည်းရှင်"

Love Is LoveWhere stories live. Discover now