Chapter 36(uni)

936 77 0
                                    

ဒီလိုနဲဲ့ကြီးကြီးရဲ့ ရက်လည်ဆွမ်းကျွေးနဲ့ရက်ကိုရောက်လာခဲ့တာပေါ့ အနော်ကအမိုးကိုခေါ်လိုက်တာကိုဖြူအားနာနေမိတယ် အမိုးကအရမ်းအလုပ်များတဲ့သူမလား
ဒါပေမယ့် အမိုးကိုယ်တိုင်ကိုကဖြူ့အတွက်ကြီးကြီးရက်လည်ဆွမ်းကျွေးတဲ့အချိန်ထိဘေးနားကမိခင်တယောက်လိုစာနာစိတ်နဲ့ဖေးမပေးတော့ ဖြူကျေးဇူးတင်မိသလို ရင်ထဲလည်းနွေးထွေးရတာအမှန်ပါ

ဖြူ့အဖေကလည်း သူ့တမိသားစုလုံးခေါ်ပြီးရောက်လာခဲ့တော့ ဖြူအံ့အောခဲ့တာပေါ့ ဖေဖေက ဖြစ်ခဲ့တာတွေကိုဖွင့်ပြောပြပြီးသူတို့မိသားစုထဲရှင်းခဲ့ပြီးတာကြာပြီတဲ့ အတူပြန်လာပြီးနေပါလို့ပြောလာတယ်
ပြီးတော့ မောင်နှမချင်းတွေကိုလည်း စကားပြောဖြစ်ကြပါသေးတယ်

(ပြီးခဲ့တဲ့ရက်)
"သမီးလေးအရမ်းဝမ်းနည်းနေမှာ ဖေကြီးသိပါတယ် ဘာမှအားမငယ်နေပါနဲ့ကွယ်"

"လာပေးတာကို သမီးကျေးဇူးတင်ပါတယ်ဖေကြီး"

"မဟုတ်တာသမီးရယ် လာကိုလာရမှာပါကွယ် မမချိုရဲ့ကျေးဇူးကြွေးတွေက ဖေကြီးအပေါ်အများကြီးပါသမီးရယ်"

"သူတို့ကဘာလို့လိုက်လာခဲ့ကြတာလဲဟင် မကြိုက်တာမဟုတ်ပါဘူး လိုက်လာကြတယ်ဆိုတော့သမီးအံ့အောမိတာကြောင့်ပါ"

"ဒီလိုသမီးရဲ့ ဖြစ်ခဲ့တဲ့ပြသနာတွေကို ဖေကြီးတို့မိသားစုတွင်းရှင်းခဲ့ကြတယ်လေ သမီးဆန္ဒကိုလဲသူတို့ကိုဖေကြီးပြောပြခဲ့ပါတယ် သမီးပြောသလိုပါပဲကွယ် မိသားစုပြိုကွဲအောင်ဖေကြီးကိုယ်တိုင်လည်းမလုပ်ရက်ခဲ့ပါဘူး ဒါကြောင့် အပြုသဘောဆောင်ပြီးရှင်းခဲ့ကြတာမျိုးပါ"

"ဟို အန်တီကကော ဘယ်လို....."

ဝါဝါ(ဖြူ့မိထွေး)ကအဲ့ကတည်းက သမီးလေးကိုပြန်ခေါ်ချင်နေတာပါ ဒါပေမယ့် သမီးဆုံးဖြတ်ချက်ကိုသိတော့ သူလည်းဆက်မပြောပဲနေခဲ့တာပါ သူနဲ့ဖေကြီးတိုင်ပင်တော့လည်း မမချိုဆီမယ်သမီးနေတာကပိုသင့်မြတ်နိုင်တယ်ထင်ခဲ့ကြတယ်လေ သမီးလည်းကောင်းကောင်းကြီးပြင်းလာခဲ့လို့ ဖေကြီးတို့ဆုံးဖြတ်တာမှန်တယ်လို့ထင်ပါတယ် သားကောင်းဆက်နဲ့သမီးနှင်းစက်မေ(ဖြူနဲ့မပြေလည်ခဲ့သူတွေ)ကလည်း သူတို့ငယ်စဥ်ကအမှားတွေကိုသိပြီးနောင်တရနေခဲ့တာပါ သူတို့လည်းကြီးပြင်းလာတော့ အရင်လိုမဟုတ်တော့ပါဘူးသမီးရဲ့ အခုလည်း သူတို့ကိုယ်တိုင်သမီးနဲ့တွေ့ချိန်တန်ပြီပြောလာလို့ ဖေကြီးခေါ်လာလိုက်တာပါ သမီးရဲ့မောင်လေးလည်းပါတယ်လေ သားလာဒီနားကို ဒါသားအရမ်းတွေ့ချင်နေခဲ့တဲ့သားရဲ့အမလေ"

Love Is LoveWhere stories live. Discover now