Chapter 7(uni)

1.6K 122 0
                                    

မြင့်မြင့်သက်တို့အိမ်မယ်ပဲမနက်မိုးလင်းထိနေဖြစ်သွားကြသည် မနက် ၇နာရီထိုးလောက်ကျ နော်ဖောလည်း ဗိုက်ကဆာလာတာနဲ့နိုးလာတယ် မနေ့ကညစာမှသူမစားလိုက်ရတာမလား
အိပ်ယာကထလိုက်ကာ ရေချိုးခန်းထဲ မျက်နာသစ်လိုက်ပြီး အခန်းပြင်ထွက်လာတော့ ခြံဝန်းထဲလမ်းလျှောက်နေတဲ့သူမကိုတွေ့လိုက်ရတယ် အခုသေချာမြင်တော့မှ သူမရဲ့ဆံပင်တွေက အရှည်ကြီးဆိုတာကိုသိလိုက်ရတော့ နှစ်သက်သလိုစိတ်မျိုးတောင်ဖြစ်သွားတယ် ဆံပင်ရှည်တာကိုပြောတာနော် သူ့ရှိတဲ့နားကိုပဲ နော်ဖောသွားလိုက်တယ်

"ခင်ဗျားညကပြန်မအိပ်ဖူးလား"

"ဟုတ် ပြန်အိပ်တယ် အိပ်မပျော်တော့လို့ပါ"

"အနော်လည်းလေ ညကကိစ္စကြောင့် မလဲ့တို့ပြန်လာတာတောင်စကားပြန်မပြောချင်တော့တာနဲ့ ဆိုဖာပေါ်ပဲအိပ်လိုက်ရင်း အိပ်ပျော်သွားတာ အခုမှနိုးတယ်"

"OhHh...! အဲ့ဒီအကြောင်းကြီး မပြောတော့နဲ့လေ ပြီးတော့ ဘာလဲ ဖြူ လဲ့လဲ့တို့ကိုပြောမှာစိုးလို့လား"

"ပြန်ပြောမှာကိုမစိုးရိမ်ပါဘူး အမူမဲ့အမှတ်မဲ့မှားသွားတာကိုဗျာ နေပါဦး ညကကျဘာမှမဖြစ်တော့သလိုလိုပြောပြီး အခုကျစိတ်ဆိုးနေတာလား"

[AwwWw! သူက လာမှားနမ်းတဲ့သူဆိုတော့ပြောနိုင်တာပေါ့ ဒီကဘာမှန်းမသိအနမ်းခံလိုက်ရတာလေ ပြောပုံကတော့...]

"မဟုတ်ပါဘူး ပြန်အစမဖော်တာကောင်းမလားလို့လေ ဖြူလည်းဘယ်သူ့ကိုမှပြန်မပြောပါဘူး"

"အင်းပါ အဲ့တာထားပါဦး ဒီနား စားစရာလေးဘယ်နားရမလဲ ရှမ်းဆိုင်ဖြစ်ဖြစ်လေ အနော်မနေ့ကနဲ့အခုထိကို နေ့လည်စာတခါပဲစားရသေးတာ အခုဗိုက်အရမ်းဆာလာလို့"

"ဗိုက်ဆာနေတာလား ခနလေး ဒီနားမယ်အခုအချိန် ဘာဆိုင်ဖွင့်မလဲ အော်... ဟိုလေ ဟိုဘက်လမ်းမယ်ရှမ်းဆိုင်တဆိုင်ရှိတယ် တို့ဟူးနွေးအရမ်းကောင်းတယ် ဘယ်လိုသွားရမလဲဖြူပြောပြမယ်လေ"

"လိုက်ပို့လေ နောက်ပြီး ခင်ဗျားလဲမနက်စာမစားရသေးဘူးမလား အနော်ကျွေးပါ့မယ် ဟိုဗျာ တောင်းပန်တဲ့အနေနဲ့လေ လိုက်ပို့ဗျာနော်လို့ တူတူသွားမယ် Plz!"

Love Is LoveWhere stories live. Discover now