Chapter 4(zg)

749 21 0
                                    

"Queensland organization"လုပ်ငန်းစုဆိုရင် မသိသူမရှိလောက်အောင် အင်အားကြီးမားသောစီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည် ရန်ကုန်အခြေစိုက်ကာ တနိုင်ငံလုံးသာမကနိုင်ငံတကာတွင်လည်း စီးပွားရေးလုပ်ငန်းအများအပြားကိုလုပ်ကိုင်နေပြီး ကျယ်ကျယ်ပြန့်ပြန့်အောင်မြင်နေသော လုပ်ငန်းစုပင်ဖြစ်သည် စီးပွားရေးလုပ်ငန်းတွေအတွက်တော့ အဲ့ဒီQueenslandက စီးပွားဖက်မိတ်ဆွေအဖြစ် အကျိုးတူပူးပေါင်းလုပ်ကိုင်ဖို့ မျှော်မှန်းဆန္ဒရှိနေကြတဲ့ လုပ်ငန်းစုကြီးဖြစ်သလို အလုပ်လုပ်ကိုင်လိုသည့်သူများအတွက်တော့ နေရာတခုရဖို့ဆိုတာလုံးဝပင်မလွယ်ကူသည့် Queensland,ပိုဆိုးတာကေတာ့ သူတို့ Queenslandရဲ့နာမည်ကိုအစွန်းအထင်းဖြစ်စေနိုင်မည့်ဘယ်ကိစ္စကိုမဆိုသည်းခံမှာမဟုတ်တဲ့ လူများစုဝေးရာနေရာကိုQueenslandလို့ပင်ခေါ်ဆိုရမည်ဖြစ်သည် Queenslandorganization"၏စတင်တည်ထောင်သူမိသားစုကလည်းဖြစ်
လက်ရှိ အများပိုင်Companyအဖြစ်ပြောင်းလဲဖွဲ့စည်းပြီးနောက် ပင်တိုင်ဥက္ကဌလည်းဖြစ်သူမှာ ကရင်လူမျိုးတဦးဖြစ်သည့်''ဒေါ်နော်အယ်လ်မှုးတာ''ဆိုသူဖြစ်သည် ခေတ်မှီကာ ဂုဏ်ကျက်သရေရှိရှိလှပသူဖြစ်ပြီး သဘောမနောကောင်းသူ အလှူအတန်းရက်ရောသူ စသည့်နာမည်ကောင်းများနဲ့ထင်ရှားသူဖြစ်သည်

"နော်ဖောအယ်လ်မူး"ဒေါ်နော်အယ်လ်မှုးတာရဲ့တဦးတည်းသောသမီးလေးပေါ့ အသက်က၁၉နှစ်ကျော် အရပ်ကတော်တော်မြင့်သည်ဟုပြောရမယ့် ၅'၈'ထိကိုရှိတယ် ချောမောပြေပြစ်လွန်းတဲ့မျက်နှာပေါက်နဲ့ သူက Clubတွေ Barတွေအမြဲတက်နေကာ ပြိုင်ကားလေးတဝီဝီနဲ့ ကောင်မလေးထည်လဲတွဲနေသော နော်ဖောက ပျက်ဆီးခြင်းနဲ့မပျက်ဆီးခြင်းကြားထဲက လူငယ်တယောက်လို့ပဲသတ်မှတ်ရမယ့်လူစားမျိုးပါ လူငယ်ဆိုတော့ စိတ်ထဲရှိရာလျှောက်လုပ်တတ်ပြီး သူ့မိခင်ဖြစ်သူရဲ့ဩဇာအာဏာ Queenslandရဲ့အမွေဆက်ခံမည့်သူအဖြစ် လူကုံလုံအသိုင်းအဝိုင်းကြားမှာ နာမည်ကြီးတွေထဲကနာမည်အကြီးဆုံးသူလို့ပြောရင်လည်းမမှားပါဘူး သူငယ်ချင်းလိုဖြစ်နေတဲ့မိခင်ဖြစ်သူရဲ့အလိုလိုက်မှုတွေက နော်ဖောကို ဘာလုပ်လုပ်တင့်တယ်စေတော့ နော်ဖောအယ်လ်မှုးဆိုတာက သူ့နဲ့ နီးစပ်တဲ့သူတွေ ပတ်သက်တဲ့နေရာတွေ မကင်းနိုင်တဲ့သူတွေကြားထဲမယ်တော့ ဖူးဖူးမှုတ်ထားရတဲ့သူ အမေဖြစ်သူရဲ့သည်းသည်းလှုပ်ချစ်ခြင်းကိုခံထားရတဲ့သူဆိုတော့ နော်ဖောကဆိုးတယ် အထူးသဖြင့် မိန်းမကိစ္စအရမ်းရှုပ်တယ်ပေါ့ ဘာလို့မိန်းမကိစ္စရှုပ်ရသလဲမေးရင် နော်ဖောက lesbianလို့ကိုယ့်ကိုယ်ကိုပွင့်လင်းစွာချပြထားတဲ့ Tachiတယောက်ဖြစ်လို့ပါပဲ

Love Is LoveWhere stories live. Discover now