Chapter 29(zg)

465 6 0
                                    

တောင်ကြီးရောက်ကတည်းက တခြားမတည်းပဲ ဖြူ့ကြီးကြီးအိမ်မယ်သာတည်းဖြစ်ခဲ့ကြသည်
ဖြူ့ကြီးကြီးကတကယ်ကိုပင် ဖြူ့ကိုသူ့သမီးတယောက်လိုသဘောထားတာကြောင့် ဖြူသိပ်ချစ်ပါတယ်ဆိုတဲ့ နော်ဖောကိုလည်း ကြည်ကြည်ဖြူဖြူလက်ခံပေးရှာပါတယ်

ဖြူကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်လေးမှာနေတော့ ဖြူ့အကြောင်းတွေကပိုပိုသိလာရလေ ဖြူ့ကိုလဲ နော်ဖောတယောက် သနားပြီးပိုချစ်လာလေပါပဲ
ဖြူကမိသားစုပြသနာတွေရှိနေတယ်ဆိုတဲ့အပေါ်ယံကိစ္စလေးတွေလောက်သာ သူမနဲ့ခင်မင်ရင်းနှီးတဲ့သူတွေကသိထားကြတာ တကယ်က ဖြူက စိတ်ဒဏ်ရာတွေကို နက်နက်ရှိုင်းရှိုင်းနာကျင်ခံစားခဲ့ရသူဆိုတာ နော်ဖောသိလိုက်ရတယ်လေ

တကယ်က ဖြူ့အဖေဦးကျော်ထွဋ်က ဖြူ့ရဲ့အမေဆုံးသွားပြီးတော့ နောက်အိမ်ထောင်ပြုဖို့စိတ်မရှိခဲ့ပါဘူး
သူ့သမီးလေးအပေါ်ပဲစိတ်နှစ်ထားတော့မယ်ဆုံးဖြတ်ထားခဲ့သူပါ လောကကြီးမှာ ဆုံးဖြတ်ချက်တိုင်းက လက်တွေ့ဖြစ်မလာတတ်ဘူးလေ
ဖြူ့မိထွေးဒေါ်ဇလပ်ဝါဆိုသူက အရင် ဖြူ့အဖေရဲ့ Secretaryတယောက်ပါ သမီးနဲ့အလုပ် အလုပ်နဲ့သမီးကြားထဲပဲစိတ်နှစ်ထားခဲ့ပေမယ့် အထီးကျန်ခြင်းကကပ်ညှိနေတာကို သတိမထားမိခဲ့ပဲ ဒေါ်ဇလပ်ဝါနဲ့ညှိကြတော့ လက်ထပ်ခဲ့လိုက်ကြတာပေါ့လေ
အဲ့ဒီနောက်ပိုင်းကစလို့ ဖြူနဲ့သူ့အဖေက အတူနေပြီးတဖြည်းဖြည်းဝေးလာကြတော့တာ ဖြူ့အမေရဲ့အမဖြစ်တဲ့ ကြီးကြီးကိုယ်တိုင် ဖြူ့ကိုလာတောင်းယူမွေးစားသွားတဲ့အထိပဲလေ

ဖခင်ဖြစ်သူက နောက်မိန်းမနဲ့ပါလာတဲ့ သားသမီးနှစ်ယောက်နဲ့လည်း အဆင်ပြေအောင်နေရချိန်မယ်
ဒေါ်ဇလပ်ဝါနဲ့ကလည်း မြန်မြန်ဆန်ဆန်ပဲ သားလေးတယောက်ကရတော့ ဖြူ့အတွက်အချိန်ပေးတယ်ဆိုတာမရှိတော့ပါ
မိထှေးရဲ့သားနဲ့သမီးက သူမအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုတွေ အထီးကျန်သိမ်ငယ်မှုတွေနဲ့ တဖြေးဖြေးစိတ်ဒဏ်ရာတွေရလာတယ် နောက်ဆုံး
ဖအေကိုအရမ်းခင်တွယ်တတ်တဲ့ဖြူ အရမ်းချစ်တဲ့ဖြူက လွယ်လွယ်ကူကူပဲ သူ့ကြီးကြီးစကားကိုနားထောင်ပြီးလိုက်သွားမယ်ပြောလာတော့ ဖြူ့အဖေလည်းခွင့်ပြုခဲ့ရတာပေါ့တဲ့

Love Is LoveWhere stories live. Discover now