Chapter 9(zg)

552 16 0
                                    

မနက်ခင်းအစော ချွေးကလေးတစို့စို့နဲ့ပင် ဖြူ ခြံထဲတယောက်တည်း ခြံအလုပ်လေးတွေလုပ်နေသည် ရေလောင်းစရာရှိတာလောင်း ပေါင်းသင်ရှင်းလင်းစရာရှင်းလင်းပြီး ခူးရမည့်အသီးတချို့ခူးပေါ့
ကြီးကြီးကခြံစိုက်ပြီး အသက်မွေးဝမ်းကျောင်းပြုတော့ ဖြူလဲတတ်နိုင်သလောက်ဝိုင်းကူလုပ်ပေးဖြစ်ရင်းနဲ့ ခြံအလုပ်ကိုမွေ့လျှော်လာသည်
အပင်အကိုင်းအခက် အစေ့လေးတွေကနေ လူတွေအသုံးပြုနိုင်ဖို့ ရှင်သန်အောင် ပြုစုပျိုးထောင်ရတာကမလွယ်ကူပါဘူး၊
မိဘက သူ့သားသမီးကို ငယ်ရာကနေကြီးတဲ့အထိ နည်းမှန်လမ်းမှန်နဲ့ ဘဝလမ်းကိုလျှောက်နိုင်ဖို့ထိန်းကျောင်းရသလိုပေါ့

မိဘမေတ္တာဆိုတာကြီးမားလွန်းတယ်တဲ့ တခါတလေတော့ ဖြူ့ကျမှဘာလို့ဒီအဖြစ်မျိုးတွေလာဖြစ်ရတာလဲဆိုပြီးတွေးမိတယ်
တွေးမိတိုင်းလည်း ဝမ်နည်းပြီး ဖေဖေ့ကိုသတိရတယ် အနားမယ်ရှိစေချင်လိုက်တာ ဒါပေမယ့် ဖြူအနားမှာမရှိတာကပဲ ဖေဖေ့အတွက်ပိုအဆင်ပြေမှာပါ ဘယ်လိုပဲနေနေ ဖေဖေ့မယ်မိသားစုအသိုက်အမြုံနဲ့မလား မိမိကြောင့်တော့မထိခိုက်စေချင်ပါဘူး
ဒါကြောင့်လဲသွေးအေးသလိုလိုနဲ့ပဲ တလျှောက်လုံးနေလာခဲ့တာပေါ့ ဒါမှလည်း အဖေ့မိသားစုနဲ့အဖေအဆင်ပြေပြေနေနိုင်သွားမယ်မလား တွေးမိရင်း ဝဲလာတဲ့မျက်ရည်စတွေကိုသုတ်လိုက်ပြီး ရေတွင်းမယ် ကိုယ်လက်သန့်စင်ဖို့ပြင်လိုက်တယ်

"Heyy!ဖြူ အမယ် နင်ကခြံသမကြီးကိုဖြစ်နေပြီပေါ့"

လှမ်းအော်ပြောရင်း ဖြူ့ဆီလာနေတဲ့ လဲ့လဲ့ကို ဖြူမြင်လိုက်ရတယ် သူ့နောက်မယ် ဟိုလူဆိုးမလေးလည်းကပ်ပါလာတာတွေ့လိုက်မိပါတယ်

Hoodie outfit အမဲရောင်လေးကိုအပေါ်မယ်ဝတ်ထားကာ အောက်ရှုး ဂျင်းဘောင်းဘီဝတ်ထားတဲ့ သူ့ပုံစံ သူ့ဟန်ပန်လေးက အရမ်းကြည့်ကောင်းနေလို့ သူလာတာကို ဖြူငေးမောကြည့်နေမိပါတော့တယ် လဲ့လဲအနားရောက်လာပြီးအော်မှငေးနေမိတာရပ်လိုက်ရတယ်

"ဟဲ့ ပြန်တောင်နှုတ်မဆက်ဘူး ဘာဖြစ်နေတာလဲ"

"အော် အေး နင်...နင်တို့  အစောကြီးရှိသေးတာကိုရောက်လာလို့လေ"

Love Is LoveTahanan ng mga kuwento. Tumuklas ngayon