Chapter 26(uni)

1.2K 98 0
                                    

ဒီလိုနဲ့ နော်ဖောအမိုးရဲ့၅၂နှစ်ပြည့်မွေးနေ့ပွဲနေ့ရောက်လာတယ် နော်ဖောတို့ခြံကြီးထဲမှာပဲကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားကြီးကိုကျင်းပတာပေါ့လေ
"Queensland Organization"ရဲ့ဦးဆောင်တည်ထောင်သူမွေးနေ့ဆိုတော့လည်း ပြည်တွင်းပြည်ပက ထိပ်တန်းသူဌေးကြီးတွေ လုပ်ငန်းရှင်ကြီးတွေကမဖြစ်မနေတက်ရောက်ချီးမြင့်ကြသလို နော်ဖောတို့ဆွေမျိုးတွေဆိုသူတွေလည်း တစုတစည်းတည်းလာကြတယ်
လဲ့လဲ့တို့လည်းလာကြကာ ခုနကမှရောက်တယ်ပြောတယ် ပြောရရင်တော့ လူချမ်းသာတွေ အနုပညာအသိုင်းအဝိုင်း ဂုဏ်သရေရှိလူကြီးလူကောင်းတွေစုံလို့ပါပဲ

"ဟဲ့ဖြူ နင်ကလည်း ငါ့တောင်လာမခေါ်ဘူး ဘာလဲ နော်လေးမှနော်လေးဖြစ်နေတော့ ကိုယ့်အချစ်ဆုံးသူငယ်ချင်းဆိုတာကိုတောင်မေ့နေပြီပေါ့လေ ပြောစမ်းယောင်းမ"ဆိုပြီးလဲ့လဲ့ကလာခေါ်မှပဲ စကားပြောဖြစ်တော့တယ်

"မဟုတ်ပါဘူးဟာ လူတွေကအများကြီးဆိုတော့ လဲ့လဲ့သိတဲ့အတိုင်း ဖြူ့အကြောင်းကို"

"နော်လေးကပြန်မလာသေးဘူးလား ဘယ်သွားရတာလဲ"

"သူဧည့်သည်တချို့သွားခေါ်စရာရှိလို့တဲ့ ဒါပဲပြောသွားတယ်"

"သူဂရုစိုက်တယ်မလား နင့်ကို လဲ့လဲ့ကို ဘာမဆို​ပြော သိလား ဒီမလာခင်တောင် ကြီးကြီးဆီဝင်ခဲ့သေးတယ် နေကောင်းအောင်နေတဲ့မှာလိုက်တယ်"

"ဖြူလဲ ကြီးကြီးကိုသတိရနေတာ တခါမှခုလောက်မခွဲဖူးဘူး ခြံကိုလဲလွမ်းနေပြီ"

"ဒီမယ်မပျော်ဘူးလား ဖြူလေး နော်လေးကပျော်အောင်မထားဘူးလားငါ့သူငယ်ချင်းလေးကို ပြောတော့ဘယ်လိုဘယ်ညာနဲ့ တွေ့ဦးမယ်"

"မဟုတ်တာ အနော်ကအရမ်းဂရုစိုက်ပေးပါတယ် ဖြူပြောပြထားသလိုပဲကို"(messengerအဆက်အသွယ်တွင်ဆိုလို)

"ဒါဆိုအခုကဘာဖြစ်လို့လဲ"

"ဒီတိုင်းပါ ဒီလိုကြီးသူများဆီနေနေကျမဟုတ်တော့ တောင်ကြီးကိုလွမ်းမိသလိုလို🙂"

"ဖြူရယ် ဒါသူများဆီမဟုတ်ဘူးလေဟာ နင်အဲ့လိုကြီးမတွေးပါနဲ့ လဲ့လဲ့ပြောပြမယ် ဖြူကကံအကောင်းဆုံးမိန်းခလေးပဲသိရဲ့လား"

Love Is LoveWhere stories live. Discover now