Chapter 37(uni)

928 73 0
                                    

ဒီနောက်ပိုင်းတော့ ဖြူ့အဖေကသူနဲ့လိုက်နေဖို့ပြောလာတယ်သမီးနေချင်သလောက်ပဲနေပါဆိုပြီးပေါ့ အန်တီဒေါ်ဇလပ်ဝါအပါအဝင်အားလုံးကပြောလာတော့ဖြူငြင်းရခက်ပြီးလက်ခံလိုက်တာပေါ့ ရှေ့နေတွေနဲ့အမွေကိစ္စတွေရှင်းကြတော့ ကြီးကြီးကအရင်ကတည်းက ရှေ့နေတွေနဲ့တိုင်ပင်ပြီး သူမပိုင်ဆိုင်တဲ့ခြံနဲ့company ရှယ်ယာအကုန်ဖြူ့ကိုလွဲပေးခဲ့တယ်သိလိုက်ရတယ်
ဒါနဲ့ဖြူလည်း Companyကရှယ်ယာတွေအကုန်ထုတ်ရောင်းလိုက်တယ် ကြီးကြီးမယ်ကဆွေမျိုးရင်းချာဆိုလို့ဖြူပဲရှိတာပါ ခြံထဲကဦးလေးမောင်တို့လင်မယားကိုခြံမယ်ဆက်နေခိုင်းကာ နောက်ထပ်လူတွေခေါ်ပြီး စိုက်ပျိုးရေးခြံကြီးဖြစ်အောင်ရင်းနှီးလိုက်ပြီး သူတို့လင်မယားကိုပဲဦးဆောင်လုပ်ကိုင်စေလိုက်တယ်
သူတို့ကရိုးသားကြတဲ့သူတွေဖြစ်ပြီး ဖြူကြီးကြီးဆီစရောက်ကတည်းကခြံမယ်ပဲနေထိုင်လာကြသူတွေဆိုတော့ လိုလိုလားလားလက်ခံလာကြပါတယ်

အဲ့နောက်တော့ဖြူကအဖေတို့ဆီမယ်သွားနေလိုက် ခြံမယ်ပြန်လာနေလိုက်နဲ့နေထိုင်လာခဲ့ပါတယ်
နော်ဖောနဲ့ကိစ္စကိုပြောပြတော့ ကြီးကြီးကအသိပေးလာလို့ ဖေဖေတို့ကသိပြီးသားတဲ့ သမီးစိတ်ကြိုက်သမီးသဘောအတိုင်းပဲအဖေတို့ကကြည်ကြည်ဖြူဖြူနဲ့လက်ခံပြီးသားပါဆိုလာတော့ ဖြူနဲ့နော်ဖောမယ် သွားလေသူကြီးကြီးကိုကျေးဇူးတင်ပြီးအောက်မေ့ရပါသေးတယ်

ဒီလိုနဲ့ နော်ဖောU.Sသွားမယ့်နေ့ကိုရောက်လာခဲ့တော့တယ် အစကနော်ဖောက ဖြူ့ကိုပါခေါ်သွားချင်တာပါ
ဒါပေမယ့် ဖြူ့မယ်က အခုမှမိသားစုနဲ့ပြန်အဆင်ပြေပြေနေနေတာကော ပြီးတော့ နော်ဖောက ကျောင်းပြီးအောင်လည်းတက် U.Sက အမိုးနဲ့လုပ်ငန်းချင်းဆက်သွယ်ထားတဲ့ Companyမယ်ဝင်ပြီး အလုပ်သင်အနေနဲ့ဝင်လုပ်ရမှာဖြစ်တယ်
ဖြူကိုယ်တိုင်က ဒီအချိန်လေးကိုအာရုံစိုက်ပြီး သင်ယူလေ့လာနိုင်အောင် ပြတ်ပြတ်သားသားငြင်းခဲ့တာမလို့ နော်ဖောမယ်ငိုတောင်ငိုရပါတယ်
အခုလည်း မျက်နာကမကောင်းရှာ တနှစ်ကျော်လောက် ကြာအောင်တောင်ခွဲနေရမည့်အပေါ် နော်ဖောတငိုငိုနဲ့ဖြစ်နေတာကို အမိုးနဲ့ဖြူ့မယ် နှစ်သိမ့်ပေးနေရတာ Airportကြီးအတွင်းမယ်ကိုပါ

Love Is LoveTahanan ng mga kuwento. Tumuklas ngayon