Chapter 66(uni)

974 62 0
                                    

(၈ရက်နေ့ ၊ နေ့လည် ၁၂နာရီခွဲ)
လဲ့လဲ့စိတ်တွေအရမ်းဆိုး နော်ဖောကိုမျက်နာချင်းတောင်မဆိုင်ချင်လောက်အောင်ဖြစ်နေသည် အခုလည်းအလုပ်ကိစ္စနဲ့အပြင်ရောက်​နေတာတောင် စိတ်ထဲအတွေးတွေကများလို့နေတယ်လေ
သူ့အမိုးကပြောလို့လဲ့လဲ့လိုက်ထိန်းနေပေမယ့် နော်ဖောကထိန်းလို့မရ မနေ့ကဖြူ့ကိစ္စအတွက် လဲ့လဲ့နဲ့စကားများတော့ နော်ဖောက သူလုပ်ချင်တာကိုလုပ်မယ် မလဲ့ကိုသူ့အမအဖြစ်နဲ့မသတ်မှတ်တော့ဘူးတဲ့လေ
သူလုပ်တာကိုဝင်ရှုပ်ရင် မလဲ့ကိုလဲသူဒုက္ခရောက်အောင်လုပ်နိုင်လာမှာမို့ ဝင်မပါနဲ့လို့ သတိပေးသလိုလိုပြောလာတယ်

နော်ဖောက သူ့ကိုအမရင်းတယောက်လိုချစ်တဲ့လဲ့လဲ့ကိုတောင် သူမျက်စိထဲမယ်မထားတော့လောက်အောင် သူအတ္တတွေကြီးပြီး ဖြူ့အပေါ်ဒုက္ခပေးဖို့အတွက်ပဲသူသိတော့တယ် သူလုပ်သမျှ ဖြူကဘယ်လိုမှတောင့်ခံနိုင်မှာမဟုတ်တာလဲ လဲ့လဲ့သိနေတာပဲ အစကတည်းကတဖက်က အရှုံးပေးထားပြီးသားကို ထပ်ဖိနေတာတော့မတရားတော့ဘူးမလား လဲ့လဲ့ကိုလည်းဖြူက နာကျည်းသလိုကိုပြောဆိုဆက်ဆံနေတယ်

မနေ့ကသူ့အိမ်မယ်ဖြစ်တာတွေကိုသာ သူ့အမိုးကိုဖုန်းဆက်ပြောပြရင်သူမနဲ့နော်ဖောကြားထဲ ပြတ်သားသွားနိုင်တာမလို့ ဘာလုပ်ရမယ်ကိုစဥ်းစားနေစဥ်မှာပဲ ဒေါ်နော်အယ်လ်မှုးတာဆီကဖုန်းဝင်လို့လာတယ်

"Hello မေမေကြီး"

"အေးလဲ့လဲ့ အမိုးပြောတာတွေသေချာနားထောင်"

တဖက်ကအမိုးပြောပြတာတွေကိုနားထောင်ပြီး လဲ့လဲ့မယ်ပါးစပ်အဟောင်းသားပေါ့ ပြီးတာနဲ့အမိုးက.....

"ဒီတော့ နော်လေးဘာမှမလွန်ခင်မယ် မရရတဲ့နည်းနဲ့ထိန်းထားတော့သမီး အမိုးအာဏာကုန်သမီးကိုလွဲပေးမယ် ဖမ်းထားလဲရတယ်လဲ့လဲ့ရယ်"

"မေမေကြီး မရတော့ဘူး အားလုံးလွန်ကုန်ပြီ မေမေကြီးရယ်😓"

"ဟေ"
💢
(၇ရက်နေ့ မနက်ပိုင်း)

အုပ်စိုးတယောက်လည်းခံပြင်းစိတ်တွေနဲ့ဖြူ့ဆီလာခဲ့လိုက်တယ် ဖြူ့အိမ်ရောက်တော့ ဖြူ့ကိုမြင်ရတာကလည်း အခြေအနေကဝမ်းနည်းစရာပါ ပြီးခဲ့တဲ့၃ရက်ကပဲ ခြံလုပ်ငန်းကိုရပ်ပစ်ဖို့ ဖြူဆုံးဖြတ်လိုက်ရတယ် မရပ်လို့လဲမရအောင်ဖြစ်နေပြီလေ
လမ်းဘေးစျေးသည်လောက်ပဲခြံထွက်သမျှကရောင်းရတော့တယ် အလုပ်သမားက အကုန်နီးပါးကိုတဖက်ကနော်ဖောအယ်လ်မှုးရဲ့မက်လုံးတွေကြောင့်ထွက်ကုန်ကြတယ် တားလို့လဲမရဘူးလေ
ခြံအလုပ်သမားဆိုတာက နေ့စားတွေကများတာမလား အခုအချိန်မယ် ဖြူရယ် ဒီခြံမယ်နေလာတဲ့ဦးလေးမောင်တို့လင်မယားနဲ့အလုပ်သမား၂ယောက်သာကျန်တော့မှတော့ ဒီခြံအလုပ်ကြီးကိုဘယ်လိုမှဆက်လုပ်လို့ကိုမရတော့ဘူးပေါ့

Love Is LoveWhere stories live. Discover now