Chapter 28(uni)🔞

2.9K 109 5
                                    

ညကျတော့ ဖြူ့အခန်းလေးမယ်ပဲ နော်ဖောနဲ့ဖြူအတူနေလိုက်ကြကာ ဖြူကကုတင်ပေါ်လှဲနေတယ်
နော်ဖောကတော့ ဖြူ့အပျိုခန်းလေးအတွင်း ဟုတ်တိပတ်တိမရှိတာလေးတွေကိုပဲ လိုက်ကြည့်နေသလိုလုပ်နေတယ်
နော်ဖောတခုခုဖြစ်နေလို့ တမင်ဖုံးနေတာကိုဖြူရိပ်မိနေပေမယ့်
မေးတော့မမေးသေးချေ အခုလည်း ဖြူ့ရဲ့အနည်းအကျင်းလောက်ရှိသောပုံလေးတွေကိုကြည့်ပြီး မေးချင်တာမေး ပြောချင်တာပြောနေလေတယ်

"ဖြူကငယ်ငယ်တုန်းကရုပ်ဆိုးလေးနော် ကြည့်ပါဦး ဘဲရုပ်ဆိုးမလေးနဲ့တူနေတာ ဒီပုံလေး😁"

😅😅😅

"ဒါပေမယ့် ဆံပင်ကတော့ ငယ်ငယ်ထဲကအရှည်ကြီးနော်
အနော်လေ ဖြူ့ဆံပင်ရှည်ကြီးကိုအရမ်းနှစ်သက်တာပဲသိလား"

"ယောက်ကျားတို့ဘုန်း လက်ရုံး၊မိန်းမတို့ဘုန်း ဆံထုံးတဲ့ ကြားဖူးဘူးလား"

"ကြားဖူးပါတယ်ဗျာ ဆရာမကြီးလား"

"အနော်ကကော တခါမှအရှည်ထိမထားဖူးဘူးလား"

"အခုထက်နည်းနည်းလေးရှည်တာထိပဲ အနော်ငယ်ငယ်ကဆို punk styleပဲထားတာ😁"

"လဲ့လဲ့ပြောပြဖူးတယ် အနော်ငယ်ငယ်ကယောက်ကျားလေးပိုဆန်တယ်ဆို"

"အင်း ကိုယ်ဘာလဲသေချာမသိသေးတဲ့အရွယ်လေ"

"နားမလည်ဘူး ဖြူဆိုဒီလိုပဲ မိန်းကလေးအနေနဲ့မွေးဖွားလာတယ်
မိန်းကလေးသဘာဝနဲ့ပဲနေထိုင်တယ်လေ အနော်ကျ ကိုယ်ဘာလဲသေချာမသိဘူးဆိုတာကျ ဟုတ်သေးပါဘူး"

"ဒီလိုဖြူရဲ့ ယောက်ကလျှာ မိန်းမလျှာဆိုတာမျိုးကျ ကိုယ်ခန္ဒာဟော်မုန်းအချိန်အဆနဲ့လဲဆိုင်တယ်
ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်နဲ့လည်းဆိုင်တယ် ဒါတွေအပေါ်မူတည်ပြီး သူတို့စိတ်နေသဘောထားကဖြစ်ပေါ်လာတာပဲလေ အနော်ကျအဲ့လိုမဟုတ်ဘူး
lesbianဆိုတာက မိန်းကလေးချင်းနှစ်သက်တာ အနော်ကငယ်ငယ်ကတည်းကအဲ့လိုမိန်းခလေးကိုပဲကြိုက်တာဗျာ လက်တွေ့ဘဝမယ်မြင်ရတာက ယောက်ကျားကမိ်န်းမကိုနှစ်သက်ကြတာမလား
ငယ်တုံးဆိုတော့ ငါလဲမိန်းကလေးကိုပဲကြိုက်တာဆိုပြီး ယောက်ကျားလေးလိုနေလာလိုက်တာ
ဒါမှမိန်းခလေးကိုကြိုက်လို့ရမယ်ဆိုပြီးလေ တကယ်က ဖြူတို့တွေ့ဖူးနေကျ ယောက်ကလျှာစိတ်မဟုတ်ဘူး ကြီးလာမှကိုယ်က lesbianဆိုတာနားလည်လို့ ခုပုံဖြစ်လာတာ 😁

Love Is LoveWhere stories live. Discover now