Chapter 44(uni)🔞

3K 85 5
                                    

ဒီလိုနဲ့နော်ဖောက အမိုးCompanyမယ်ပဲလုပ်ငန်းခွင်ကိုစဝင်တယ် အမိုးက နှောင်းရိပ်ချိုနဲ့တွဲပေးတယ် ဒါကလည်း အမိုးရဲ့planထဲကအစီစဥ်ပါပဲ
နှောင်းရိပ်ချိုဆိုတာ အမိုးလှည့်ကြည့်စရာမလိုအောင် ထက်မြက်တဲ့သူပါ သူမဆီက အမိုးကနော်ဖောကိုသင်ယူစေချင်တယ် ဒါကြောင့်တွဲပေးချင်တာဖြစ်တယ်
ခက်တာက နော်ဖောနဲ့သူမဇာတ်လမ်းကို အမိုးကမသိသလို နော်ဖောကလည်းဒါကိုဘယ်သူ့မှမပြောချင်ဘူး
ဒီတော့ စကတည်းက မတင်မကျပုံစံမျိုးဖြစ်လာတယ်လေ နော်ဖောက ဘာမှမပြောသလို လက်ခံတယ်ဆိုတာလည်းမပြောသလိုနေနေတာမျိုးလေ ဒီတော့ဖြူကပဲနော်ဖောနားလည်အောင်ပြောပြရတော့တာပေါ့

"အမိုးကကောင်းစေချင်လို့စီစဥ်ပေးတာပဲ လက်ခံလိုက်ပါအနော်ရယ်"

"ဖြူရာ တခြားဟာတွေကိုလက်ခံမေတာပဲ ဒီမိန်းမနဲ့တွဲပေးတာကိုပဲမကြိုက်တာ"

"မနှောင်းရိပ်ချိုကတော်ပါတယ် အမိုးပြောပြနေလို့ ဖြူသိပါတယ် သူနဲ့တွဲပေးတယ်ဆိုတာ အနော်လုပ်ငန်းမယ်အမြန်ဝင်ဆံ့အောင်ဆိုတာ အနော်လည်းသိရဲ့သားနဲ့"

"အနော့်ဘာသာလည်းလုပ်နိုင်ပါတယ် ဒီလိုစီစဥ်မယ်ဆိုရင် သူ့ဆီအစကတည်းက တပည့်ခံခိုင်းလိုက်ပြီးနေတာပဲ ဘာလို့ဟိုမယ်လုပ်ငန်းအတွေ့အကြုံယူစရာလိုခဲ့မှာလဲ"

"အဲ့သဘောမျိုးမှမဟုတ်တာကို ဘာလဲအနော် တခြားကိစ္စရှိလို့လား"

"ဘာဆိုင်လို့လဲဖြူကလည်း အနော်ပြောချင်တာက.."

"အနော်ပြောချင်တာက မဟုတ်တဲ့အကြောင်းပြချက်တွေပဲဖြစ်နေမှာဖြူသိနေတယ် ဘာလို့လည်းဆိုတော့ အနော်မပြောချင်တာတွေလဲဖြူသိနေလို့ပဲ"

"ဖြူ ဘာလည်း ဘာကိုဖြူကသိတာလဲ"

ဖြူနဲ့နော်ဖောတို့ ညခင်းအချိန်လောက် နော်ဖောအခန်းထဲမယ် နော်ဖောမကြည်မလင်ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးစကားပြောနေကြတာဖြစ်တယ်
ဖြူကနော်ဖောကိုကုတင်စောင်းလေးမယ်သူမနဲ့အတူထိုင်ခိုင်းလိုက်တယ် ပြီးမှ.....

"မနှောင်းရိပ်ချိုနဲ့အနော့်ရဲ့အကြောင်းတွေကို ဖြူအကုန်သိတယ် အနော်"

Love Is LoveWhere stories live. Discover now