Chapter 56(uni)

880 62 0
                                    

"မနှောင်းရိပ်အနေနဲ့ အလုပ်နဲ့ကိုယ်ပိုင်အချိန်ကိုဘယ်လိုခွဲခြားနိုင်အောင်လုပ်လဲ"

"ဘယ်လိုပြောတာလဲနော်လေး နှောင်းသိပ်နားမလည်လို့"

ညနေကျတော့ ပြောထားတဲ့အတိုင်း နော်ဖောက နှောင်းကို Barတခုကိုခေါ်ပြီး ညရောက်တဲ့ထိအိမ်မပြန်သေးပဲ သောက်လိုက်စကားပြောလိုက်လုပ်နေကြတယ်
နှောင်းအကဲခတ်ကြည့်သမျှတော့ ဘာမှကိုနော်ဖောက ပုံစံပျက်တာမရှိ ဖြူကောဆိုတော့ သူဖောက်ပြန်တာပဲလေတဲ့ ဒီတော့goပေါ့တဲ့ ဒီစကားကိုပြောသွားတဲ့လေသံက ဘာခံစားချက်မှကိုမပါပဲ ပြောနေကျလိုကိုပြောသွားတာမျိုးဆိုတော့ နှောင်း နော်ဖောကို တော်တော်ဖြုံသွားတယ်လေ

"Ahaa!ဒီလိုပါ မနှောင်းရိပ်ကအလုပ်မယ် တော်တယ် ထက်မြက်တယ်ဆိုတာထက်ကို ပိုတယ်ဆိုတာအနော်သိပါတယ် ဒါအလုပ်အတွက်မနှောင်းရိပ်ရဲ့အနေအထားပေါ့ ကိုယ်ပိုင်အချိန်မယ်တော့ အနော်မပြောချင်ပါဘူး မနှောင်းရိပ်သိနိုင်မှာပါ အဲ့တော့ အဲ့ပုံစံနှစ်မျိုးကို မနှောင်းရိပ်တယောက်တည်းက ဘယ်လိုမျိုးခွဲနိုင်အောင်လုပ်ထားတာလဲ ဒါကိုအနော်ပြောတာပါ"

"ဒီလိုလေနော်လေး စျေးကြီးတဲ့ဝိုင်နဲ့စျေးမကြီးပေမယ့် အနံ့အရသာချင်းတူတဲ့ဝိုင်နှစ်ပုလင်းကို ဒီစားပွဲပေါ်မယ်တင်ထားရင် ဘယ်ဝိုင်ကိုသောက်မလဲ"

"အင်း စျေးကြီးတဲ့ဝိုင်ပေါ့ ဟုတ်လား"

"ဒါပေါ့ ပြောထားသလိုပဲ အရသာချင်းကတူတယ် နောက်ပြီး ဝိုင်ပေမယ့် ကျန်တဲ့ပုလင်းကိုနော်လေးမရွေးဘူးမလား ဒီတော့ နော်လေးရှေ့ အဲ့ဝိုင်နှစ်ပုလင်းလုံးကိုခွက်တခုထဲဆတူထည့်လိုက်ရင်သောက်ကိုမသောက်တော့ဘူးမလား တကယ်က သောက်ရင်ရမယ့်အရသာကအတူတူပဲ"

"မှန်ပါတယ်"

"ဒီလိုပဲပေါ့  တော်တယ် ထက်တယ်ဆိုပြီး နှောင်းကိုအလုပ်မယ်အားကျမယ် ချီးကျူးကျမယ် လေးစားကြမယ် နှောင်းကိုယ်ပိုင်အချိန်မယ်ဘယ်လိုလဲတော့နော်လေးသိပါတယ် ခစ်ခစ် ဒီlifeပုံစံကို အလုပ်မယ်နှောင်းပြုမူမိရင် အနည်းဆုံးတော့ လူအထင်သေးကြမယ်လေ နှောင်းကနှောင်းဖြစ်နေတုန်း တော်နေ ထက်နေတုန်းဆိုပေမယ့်လည်း အမြင်မယ်တော့ တန်ဖိုးတော့ကျသွားမယ် နားလည်လား နော်လေး"

Love Is LoveDonde viven las historias. Descúbrelo ahora