Chapter 33(zg)

377 8 0
                                    

ရက်တွေက လတွေသို့ကူးပြောင်းလာခဲ့တယ် ဘာလိုလိုနဲ့ နော်ဖောနဲ့ဖြူတို့ရဲ့ရဲ့ချစ်သူသက်တမ်းက မနက်ဖြန်ဆို ၆လပင်ပြည့်တော့မည်
Anniversaryကို ၆လတကြိမ်ပဲလုပ်မယ်လို့ ဖြူကသတ်မှတ်ခဲ့တယ်လေ အမှတ်တရတွေဆိုတာ အမြဲတမ်းလုပ်နေရင် ရိုးအီသွားမယ်ဆိုတဲ့ဖြူ့အပြောကို နော်ဖောကလည်းနှစ်သက်ပြီး လက်ခံပေးခဲ့ပါတယ်

နော်ဖောအတွက် ပထမဆုံးချစ်ခြင်းတွေကိုပေါက်ဖွားစေခဲ့သူကဖြူဆိုရင် ဖြူ့အတွက် နော်ဖောကအရာရာပါပဲ
တသက်လုံးမစဉ်းစားခဲ့ဖူးတာတွေ မလုပ်ခဲ့ဖူးတာတွေကို နော်ဖောအတွက် သူမစွန့်စားခဲ့ရတယ်လေ
ရိုးရိုးRelationshipနဲ့တောင်မကြုံခဲ့ဖူးတဲ့သူမက Same gender relationshipတခုကို ရွေးချယ်ခဲ့တယ်
ကြောက်ရွံ့တတ်မှုတွေကိုဘေးဖယ်ပြီး လိုအပ်တာတွေအတွက် ရဲရင့်ခဲ့တယ် အုပ်ထိန်းသူတယောက်လို နော်ဖောကိုထိန်းကျောင်းသွန်သင်ပေးခဲ့တယ်
ဒါတွေအားလုံးကို သူမရဲ့နော်ဖောအပေါ်ချစ်တဲ့အချစ်တခုတည်းနဲ့အခြေခံခဲ့တာပဲဖြစ်တယ်လေ

"တူမလေး ဟိုကလေးမလေးကော တမနက်လုံးကြီးကြီးမတွေ့မိပါဘူး"

"အနော်အပြင်သွားတယ် ကြီးကြီးကိုဖြူပြောပြစရာရှိလို့"

"ဘာများလဲ သမီးရဲ့ ဘာလိုချင်တာများရှိလို့လဲ"

"Hee😁လိုချင်တာရှိလို့ပြောမှာမဟုတ်ဘူး ဟိုလေ"

"ဘာပြောမယ်ဆိုတာကိုသာ ပြောပါကွဲ့ တူမလေးမျက်နာကပြုံးနေတယ်ဆိုတော့ တခုခုပဲနော်😊"

"ကြီးကြီးကလည်း Hee😁
ဒီလိုပါ မနက်ဖြန်က ဖြူနဲ့အနော် ချစ်သူဖြစ်တာ ခြောက်လပြည့်တဲ့နေ့လေ"

"ခြောက်လတောင် အဲ့လောက်ရှိပြီပေါ့"

"ဟုတ်ကြီးကြီး😁 အဲ့တာလေ ဖြူတို့..."

"နေ နေ ဖြူလေး ကြီးကြီးနားလည်တယ်
အဲ့ဒီတော့ အပြင်သွားလည်ကြ ပွဲလေးဘာလေးလုပ်ကြမယ် ဒါပြောချင်နေတာမလား"

"အယ် ကြီးကြီးက..."

"သိတာတာပေါ့ ကြီးကြီးကသိတာပေါ့ကွယ် ဘာလဲ ငါ့တူမလေးက အပျိုကြီး ဒါတွေမသိဘူးထင်နေတာမလား 😁"

Love Is LoveWhere stories live. Discover now