Chapter 6(zg)

637 22 0
                                    

"ကဲ ဆိုစမ်းပါ နင့်ခရီးစဉ်အကြောင်းလေး"

အမတဝမ်းကွဲဖြစ်သူ နော်ဖောလဲ့ထားဆိုသူမှာ မိခင်ဖြစ်သူ၏မျက်နာကြောင့် မျက်စိရှေ့တမျိုး မမြင်ကွယ်ရာတမျိုး ကပ်ဖားရပ်ဖားဆွေမျိုးတွေထဲ နော်ဖောရဲ့ရှားရှားပါးပါး တန်ဖိုးထားခင်မင်ရတဲ့သူ သူ့မိခင်ပြီးရင် နော်ဖောကိုနားလည်အပေးနိုင်ဆုံးသူဖြစ်တယ် ဒါနဲ့မလဲ့မေးတဲ့ကိစ္စကို အေးအေးလူလူပင် နော်ဖောပြန်ပြောပြလိုက်တာပေါ့ ဒီမယ္မလဲ့က.....

"ဒါဆို နင်ကအဲ့ဟာလေးကို ထားပြီးထွက်လာတယ်ပေါ့ နေပါဦး အပြီးဖြတ်လိုက်တာလား"

"ဟုတ်တယ်လေ အနော်ကဘာလဲ ဆက်ရန်ရှိနေရဦးမှာလား''

"နင့်ဟာကလည်းဟယ် တလလောက်onlineကနေကြိုက် တရက်လောက်အပြင်မယ်တွေ့ပြီး နောက်နေ့ပြတ်တယ်ဆိုတော့ နင့်ငါကြောက်တောင်လာပြီ နင်ဘယ်လိုမှမနေဘူးလား ခံစားရတာတို့ လွမ်းတာတို့ ဟိုလေဟာ ဝမ်းနည်းမိတာမျိုးလေး မရွိဘူးလား"

"တယောက်တည်းအပေါ် ဘာပဲဖြစ်ဖြစ်လက်ခံပေးပါ့မယ်ဆိုတာ အနော့်မှတ်တမ်းမယ်မရှိဘူး မလဲ့ရဲ့ Next Oneပေါ့ ဟ ဟ"

"နည်းနည်းလေးတောင်မှလေ"

"သေးသေးလေးတောင်မဖြစ်ဘူး ရှင်းလား😁"

နောက်တော့ စပ်မိစပ်ရာပြောဆိုကြရင်း ညနေလောက်ရောက်တော့ ပြင်ဆင်ပြီး မလဲ့နဲ့အတူ partyသို့ထွက်လာခဲ့ကြတယ်၊ လမ်းရောက်တော့.....

"နေဦးဟ သူငယ်ချင်းတယောက်ဝင်ခေါ်ရဦးမယ်"

"အင်း.....ဒါဆို ရောက်ရင်နိုးလိုက် ခနလောက်မှိန်းလိုက်ချင်လို့"

"အင်း နိုးမယ်"

ခရီးသွားထားလို့ ပင်ပန်းနေတဲ့ဒဏ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကို နော်ဖော အိပ်ပျော်သွားမိတော့တယ်
ဘယ်လောက်တောင်အိပ်ပျော်သွားလဲတော့မသိ ဆူဆူညံညံအသံတခုကြောင့် လန့်နိုးလာပြီးကြည့်လိုက်တယ်

[ဟမ် ပုံထဲကဟိုတယောက်ပါလား နေပါဦး သူတယောက်တည်း ဘာတွေပြောနေတာလဲ]

"hey! ဒီမယ် ခင်ဗျားဘာဖြစ်လို့လဲ မလဲ့ကော heyy! ဒီမယ် wtf! အော်....အိပ်ရင်းထယောင်နေတာပဲ မလဲ့ကတော့စသွားပြန်ပြီ"

Love Is LoveWhere stories live. Discover now