Chapter 18(zg)

495 9 0
                                    

နော်ဖောက ဖြူ့ကို အခန်းတနေရာလေးတွင် စောင့်ခိုင်းခဲ့ပြီး အမိုးဆီလာလိုက်တယ်

"အမလေး အမိုးအသည်းတုံးလေး Candyလေး အချိုတုံးလေးရယ် နေနိုင်လိုက်တာ ဖုန်းလေးတောင်မဆက်ဘူးဟမ် ပြောပါဦး ဒီကအမိုးကို သတိတောင်မရဘူးမလား စိတ်ထဲတောင်မတွေးမိဘူးမလား"

နော်ဖောကို အမိုးက ပြေးလာပြီးဖက်ပြောတယ် လက်ကပတ်တီးမြင်တော့ ပျာယာခတ်ပြီးမေးလို့ ကိုယ့်တိုင်းကိုယ်ပဲ ထိခိုက်မိတာပါလို့အတင်းရှင်းပြနေရသေးတယ် သူ့အမိုးအကြောင်းသိလို့ ဖြူ့ကို ဟိုဘက်နားခနထားခဲ့တာ ပြီးမှမိတ်ဆက်ပေးမို့လေ

ဖြူကဒီဘက်စာအုပ်စင်ကြားလေးထဲကနေ မြင်နေကြားနေရပါတယ် တော်တော်ကြီးချောလွန်း ကျက်သရေရှိလွန်းတဲ့အမျိုးသမီးကြီးက နော်ဖောကို ချွဲချွဲပစ်ပစ်နဲ့ပြောပြီး ဖက်ထားလိုက်တာပါ နော်ဖောရဲ့အမိုးဆိုတာဖြစ်ရမယ်လို့ ဖြူတွေးလိုက်တယ် ပြီးတော့ဆက်ကြည့်နေလိုက်တာပေါ့

"ပြောဦးလေ Candyလေးရဲ့ ဒီအဖွားကြီးကိုစိတ်ထဲတောင်မရှိဘူးမလား အမှတ်တောင်မရဘူးမလားလို့"

"ရှိဖူး ဟောဒီထဲမယ်ပဲထားတာ"ဆိုပြီး နော်ဖောက ဝဲဘက်ရင်ဘတ်ကိုလက်ညိုးထိုးပြလိုက်ပြီး စပ်ဖြီးဖြီးလုပ်နေတယ်

"ပြောတတ်လိုက်တာများ မန်းလေးတို့ဆီအကြာကြီးတောင်နေနေတာဆို ဘာတွေများရှိနေလို့ အဲ့လောက်ကြာအောင် ကျောက်ချထားရတာလဲ ထူးထူးဆန်းဆန်း"

"ဟုတ်တယ် အမိုးရ အနော်ဒီတခါဦးမန်းတို့ဆီကြာနေတာဘာလို့လဲသိချင်လား"

"သိချင်လို့ပေါ့ အမိုးCandyလေးက ခြေဖဝါးမယ် ဗွေပါသလားမှတ်ရအောင် ဘယ်မယ်မှကြာကြာမနေတာကို ပြောပြစမ်းပါဦး အမိုးကို ဘာကြောင့်များလဲဆိုတာလေး"

"အမိုး အနော်လေ တောင်ကြီးမယ် Angelမလေးရှာတွေ့မိလို့ သိလား"

"ဒါပဲ ငါ့Candyလေးကတော့ နေပါဦး ဒီတခါ Angelမလေးဆိုပါလား Sweetyတွေ Honeyတွေ Babyလေးတွေမဟုတ်တော့ဘူးလား"

"Angelမလေးပါဆို ဘယ်သူနဲ့မှမတူဘူးအမိုးရဲ့ Angel Angelနှိုင်းလို့မရဘူး သိရဲ့လား"

Love Is LoveWhere stories live. Discover now