Chapter 15(uni)

1.4K 116 0
                                    

!Time Skip!
ဖွင့်ပြောမယ်စီစဥ်ထားခြင်းမရှိပဲ မထင်မှတ်စွာ ဖြူ့ကိုဖွင့်ပြောလိုက်တော့ ဖြူကလည်း သူ့ကိုချစ်တယ်တဲ့လေ နော်ဖောဘဝမယ် ပျော်စရာတွေအများကြီးရှိခဲ့တာပေါ့ တန်ဖိုးကြီးလက်ဆောင်တွေရခဲ့လို့ ဘာပဲလိုချင်ပါစေ အသင့်ဖြည့်ဆည်းပေးတာခံခဲ့ရတာတွေဘာမဆိုကို လိုချင်တာတွေရတော့ ပျော်ခဲ့ရတာမလား ဒါပေမယ့် ဒီအမျိုးသမီးလေးရဲ့နှုတ်ဖျားက "ချစ်တယ်"ဆိုတဲ့စကားလေးနှစ်လုံးလေးက ကမ္ဘာကြီးတခုလုံးရလိုက်သလို နော်ဖောရဲ့ဆန္ဒတွေအကုန်ပြည့်ဝသွားသလို ခံစားရတယ်။

ချစ်သူတွေဖြစ်သွားပြီးနောက်ပိုင်း ဖြူနဲ့ ပိုနီးလာလေလေ ဖြူဟာ နော်ဖောထင်ထားတာထက်အများကြီးပိုပြီး ရိုးအလွန်းသူ တွယ်တာတတ်လွန်းတဲ့ မိန်းခလေးဆိုတာသိလာရလေပါပဲ ဒါကိုစိတ်ပျက်မိလားဆို Noပါ ပိုတောင်တန်ဖိုးထားလာမိတယ် ချစ်သူသက်တမ်း၁လအတွင်းမယ်ကို သူမရဲ့လောကကြီးအကြောင်းဘာမှမသိမနားလည်ခြင်း အချစ်အကြောင်းဘာမှမသိခြင်းတွေက တခါတလေ တော်တော်လေး နော်ဖောအခက်တွေ့ရတယ် ခုလည်း နမ်းတာကိုမနမ်းတတ်လို့ ဒီအသက်၂၁နှစ်အရွယ်  အချစ်တုံးကြီးကို အခြေခံကစပြီးသင်ပေးနေရလေတယ်

"ဖြူက နှုတ်ခမ်းကြီးကို အဲ့ဒီလိုတင်းတင်းကြီး စေ့မထားနဲ့လေကွာ"

"နော်ဖောကလည်း နမ်းတာပဲကို ဖြူ့နှုတ်ခမ်းကို နော်ဖောနှုတ်ခမ်းနဲ့ထိလိုက်ရင်နမ်းတာဖြစ်သွားတာပဲဟာ"

"ကျွတ်စ်! လုပ်ပြန်ပြီဗျာ ဘာနော်ဖောလဲ နော်ဖော နော်ဖော တဖောပဲဖောနေ"

"😶😶😶"

"မောင်လို့ခေါ်ပါဆို ဒီလောက်ပြောနေတာကြီးကိုဗျာ"

"နော်ဖောခေါ်ရတာလည်း ဖြူ့အတွက်အဆင်ပြေပါတယ်ဆိုနေဟာ နောက်ပြီးတော့ ဖြူ နော်ဖောကိုချစ်တာ လိင်တူတာ မတူတာနဲ့မဆိုင်ဘူးနော် ဖြူနော်ဖောဆိုတဲ့လူတယောက်ကိုချစ်မိတာမျိုးပါ ဒီတော့ အဲ့လိုသဘာဝမကျတာတွေကိုဖြူမခေါ်ချင်ဘူးနော်ဖောရယ်"

"ArrRr! ဖြူကလည်း ဖြူအဆင်ပြေပေမယ့် အနော်မှအဆင်မပြေတာကို သူများတွေဘယ်လိုခေါ်ခေါ်လေ ဖြူက အနော့်ချစ်သူလေ ဒါဆို ဖြူ့ကို အနော်က ဇွန်ကြီး ဆိုပြီးခေါ်မယ် ကြိုက်မလား ကဲပြော"😒

Love Is LoveOnde histórias criam vida. Descubra agora