Chapter 19(uni)

1.2K 112 0
                                    

ဖြူနဲ့အမိုးအခန်းထဲနှစ်ယောက်တည်းကျန်ခဲ့တာကို နော်ဖောကသိပ်မကြည် ဘာများပြောချင်နေတာလဲအမိုးက ဘာပဲဖြစ်ဖြစ် ဖြူဝမ်းနည်းအောင်လုပ်ရင် ချက်ချင်းဖြူ့ကိုခေါ်ပြီးထွက်သွားပစ်မယ်ဆိုပြီးတွေးနေတုန်း အခန်းတံခါးပွင့်လာလို့ကြည့်လိုက်တော့ ဖြူ့ကျောလေးအပေါ်အမိုးကလက်လေးတင်ပြီးထွက်လာတာတွေ့လိုက်တယ်

"အမိုးဘာတွေပြောနေတာလဲဖြူ အမိုးဖြူ့ကိုဘာပြောလဲ မဟုတ်တာတွေပြောလား အနော့်ကိုပြောပြ ဖြူပြောလို့ဆိုနေ"

"အမလေး Candyလေးရယ် ဖြစ်နေလိုက်တာများ အမိုးက ဟိုမေးဒီမေးလောက်ပြောတာပါဟယ်"

"အဲ့ဒီ ဟိုမေး ဒီမေးက ဘာတွေလဲ ဘာတွေလဲလို့ဆိုနေ"

"အနော် အန်တီကဘာမှမကောင်းတာမပြောဘူး အဲ့လိုမဆိုးပါနဲ့ဆို"

ဖြူက အတင်းပြောချင်တာကိုပြောနေတဲ့ နော်ဖောကိုပြောလိုက်ပြီး လက်လေးကိုဆွဲယူလိုက်ကာ....

"တတွတ်တွတ်ကြီး အကုန်လိုက်မမေးနဲ့တော့ ဖြူ့စကားနားထောင်မယ်မလား"

နော်ဖော ထပ်ပြီးဘာမှမပြောတော့ချေ နားထောင်တဲ့သဘောပေါ့ ဒါကို ဒေါ်နော်အယ်လ်မှုးတာသတိထားမိလိုက်တာပေါ့

"ကဲကဲ ခရီးပန်းလာကြမှာ ရေလေးမိုးလေးချိုးကြ ပြီးရင်ညစာစားလိုက်ကြပေါ့ Candyလေး ဟိုသမီးလေးလဲပင်ပန်းနေမှာမလား"

"ဟုတ်သား ဖြူပင်ပန်းနေပြီလား အနော့်အခန်းထဲ အရင်နားရအောင်နော်"

"အင်း အန်တီခွင့်ပြုပါဦးနော်"

"အေးကွယ် သွားနားချေကြ အမိုးကတော့Churchသွားပြီး ဝတ်ပြုလိုက်ဦးမယ်"

ဒေါ်နော်အယ်လ်မှုးတာလည်း နော်ဖောနဲ့ဖြူထွက်သွားတော့ Churchကိုသွားဖို့ပြင်လိုက်တယ် ကားပေါ်မယ်တော့ သူ့သမီးလေးက ဟိုကလေးမလေးပြောလိုက်ရင် တန်းနားထောင်တာတွေ့ရသလို တော်တော်လေးကိုချစ်နေရှာတာကိုလည်းရိပ်မိလိုက်တယ် နော်​ေဖာအရင်တုန်းကတွဲခဲ့တဲ့ကောင်မချောလေးတွေနဲ့ ဒီကလေးမလေးနဲ့မတူတာတော့ခံစားမိသည် သူမပုံစံလေးက အေးအေးချမ်းချမ်းပုံစံလေးပါပဲ ထိုအချိန်ကားရပ်သွားပြီး Driverမှ Churchရောက်ကြောင်းပြောတော့ လက်ကာပြလိုက်ပြီး ဖုန်းကိုထုတ်ကာ သူမဆက်သွယ်ချင်တဲ့နံပါတ်ကိုနိပ်ပြီး Callဝင်တော့

Love Is LoveDonde viven las historias. Descúbrelo ahora