Chapter 39(uni)

817 68 0
                                    

"အိမ်ရှင်တို့..အိမ်ရှင်တို့.."

မြတ်သူကျော်တယောက် တဖက်ကဖြူဆိုတဲ့မိန်းကလေးရဲ့ခြံရှေ့ကနေချိုင့်ကြီးတလုံးကိုင်ပြီးအော်ခေါ်လိုက်တယ် ဒီနေ့ကသူ့မိဘတွေကွယ်လွန်တာ၁၄နှစ်ပြည့်တဲ့နေ့ဆိုတော့ နေပြည်တော်ရောက်နေပေမယ့် လုပ်နေကြအတိုင်း ဘုန်းကြီးကျောင်းလေးဆွမ်းသွားကပ်တယ်
ပြီးတော့တမင်သပ်သပ်ကို ဒံပေါက်ကိုချိုင့်လိုက်သွားဝယ်လာကာ အကြောင်းရှာပြီး ဒီဖက်ခြံကိုလာခဲ့ခြင်းဖြစ်တယ် ခနအကြာအိမ်ထဲက အန်တီကြီးတယောက်ထွက်လာပြီး ဘာကိစ္စရှိလို့လဲမေးတော့ သူလည်း ဟိုဘက်ခြံမယ်နေတဲ့သူပါ မိဘတေွဆုံးတာ၁၄နှစ်ပြည့်မလို့
ဘေးအိမ်တွေကိုဒံပေါက်လိုက်လှူချင်လို့်ပါပြောပြလိုက်တော့ခြံတံခါးဖွင့်ပေးပြီး ခြံထဲခေါ်လာလို့ လိုက်ဝင်လိုက်တာပေါ့

"အရင် အဲ့ဘက်ခြံမယ် မောင်ရင့်ကိုမတွေ့ဘူးနော် ပြောင်းလာတာမကြာသေးဘူးထင်ရဲ့"

"ပြောင်းလာတယ်တော့မဟုတ်ပါဘူး ကျနော်ကအဲ့ခြံကသူငယ်ချင်းဆီအလည်လာတဲ့သဘောပါအန်တီ..."

"Aww အန်တီ့နာမည်ကဇလပ်ဝါလို့ခေါ်တယ် မောင်ရင်"

"ဟုတ်ကဲ့ခင်ဗျ ကျနော့်နာမည်က မြတ်သူကျော်ပါ အဆင်ပြေသလိုခေါ်လို့ရပါတယ်"

"အေးကွယ် မိဘတွေရဲ့အတွက်ကုသိုလ်လုပ်ပေးတာကောင်းပါတယ်ကွယ် ဧည့်ခန်းမယ်ခနထိုင်ဦးလေ အန်တီချိုင့်တွေသွားလှယ်လိုက်ဦးမယ် အနှင်းရေ..ဒီမယ် ဧည့်သည်ကိုဧည့်ခံစကားပြောလိုက်ပါဦး ထိုင်လေ မောင်မြတ်သူ"

"ဟုတ်ကဲ့"

အန်တီဇလပ်ဝါက သဘောကောင်းသည့်ပုံပါပဲ သူမက အနှင်းရေလို့ခေါ်လိုက်တာ ဘယ်သူများလဲမြတ်သူကျော်တွေးနေမိတာပေါ့ အနှင်းဆိုတော့ ဖြူ့နာမည်က နှင်းဖြူ ဒါမှမဟုတ် ဖြူနှင်းများလား
ဒါနဲ့ဧည့်ခန်းကိုမျက်စိကစားလိုက်တော့ မိသားစုပုံတွေ ဘွဲ့ဓာတ်ပုံတွေချိတ်ထားပေမယ့် သူမပုံတပုံမှမတွေ့ရတော့ စိတ်ထဲနည်းနည်းတော့ထူးဆန်းသွားရတယ်
သူမကဒီမယ်နေတာမှဟုတ်ရဲ့လားဆိုပြီးပေါ့လေ ခနအကြာမယ် နောက်ကအသံကြားလို့လှည့်ကြည့်မိတော့ သူနဲ့ရွယ်တူမိန်းကလေးတယောက်ရောက်နေတာကိုတွေ့ရလို့ နှုတ်ဆက်လိုက်တယ်

Love Is LoveOpowieści tętniące życiem. Odkryj je teraz