Chapter 72(zg)

405 7 0
                                    

အရင်ဆုံး ဆေးရုံကအခန်းထဲရွေ့တော့ မြင်လိုက်ရတဲ့ဖြူ့အနေအထားက သူမနဲ့သက်ဆိုင်သူတွေအတွက်တော့ တော်တော်ကို စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာပါပဲ
တကိုယ်လုံးကပတ်တီးတွေနဲ့မျက်နာလေးတခုလောက်သာပေါ်တယ် ဒါတောင် ပလာစတာလေးတွေကအဆစ်ပါနေသေးတယ်လေ နော်ဖောဆိုစိတ်ထိခိုက်လွန်းလို့အော်အော်ပြီးကိုငိုနေတော့တယ် ပြီးတော့လဲ သူ့မယ်ဖြူ့ကုတင်လေးနားကခုံလေးမယ်ထိုင်ပြီး
ဖြူ့ကိုသာငြိမ်ငြိမ်လေးထိုင်ကြည့်နေရှာတယ်လေ ဖြူကဖြစ်နိုင်ချေများတယ်ဆိုတဲ့အတိုင်း Comaဝင်နေရှာပြီလေ

"ဒါနဲ့ ဒီလောက်ဖြစ်နေတာကိုတောင်မှ
နော်ဖောအမေကဘယ်ရောက်နေတာလဲ"

"မေမေကြီးက Londonမယ်ရှင့်"

"ဘာလဲ plastic surgeryများသွားလုပ်နေတာလား"

"ရှင်ကတော့လေ"

ဒါနဲ့လဲ့လဲ့လည်း ဒေါ်နော်အယ်လ်မှုးတာဘာကြောင့် Londonကိုသွားတယမနက်ဖြန်မနက်ပြန်ရောက်မယ်
သူမပြောပြထားလို့ ဒီကိုအမြန်ရောက်လာမယ်ဆိုတာကို အုပ်စိုးကိုရှင်းပြရတယ်
ဒီမယ် မြတ်သူကျော်ပြန်ပါလာမယ်ဆိုတာကို အုပ်စိုးသိသွားတော့......

"ဘာပဲဖြစ်ဖြစ်ဗျာ မြတ်သူကျော်ကိုတော့ လျော့လျော့ပေါ့ပေါ့လေးဖြစ်စေချင်တယ် တကယ်တမ်းကျ ဒီကောင်လည်းအသုံးချခံသပ်သပ်ပါ
ဖြူ့ကိုအတော်တော့ချစ်ရှာပါတယ် ခက်တာက သူ့အချစ်ကမသန့်စင်သလိုပုံသွင်းခံလိုက်ရတယ်လေ ဒါကြောင့်ပါ
ဒါပေမယ့် ခင်ဗျားတို့တတွေဆိုသည်မှာလည်း ကျုပ်ပြောတာကို နားလည်မယ့်သူတွေမဟုတ်ကြပါဘူး"

"ရှင်ဆိုသည်မှာလည်း စိတ်ကောင်းလေးရှိနေလို့သာပေါ့ မဟုတ်ရင်
လူ့အဖွဲ့အစည်းကကိုကျဉ်ထားသင့်တဲ့လူ"

"တော်စမ်းပါဗျာ ကျုပ်က လောကွတ်မရှိဘူး မဖားတတ်ဘူး လူတိုင်းကို ကျုပ်ကအစစ်အမှန်ပဲပေးတယ်
ဒါကိုစောက်မြင်ကပ်လဲ ဂရုကိုမစိုက်တာ ရှင်းလား"

"နေစမ်းပါရှင် ဒါထက် ဖြူ့ရဲ့နေပြည်တော်ကအဖေဆိုတာကိုဆက်သွယ်မှထင်တယ်နော်"

အုပ်စိုးလည်း သူ့သူငယ်ချင်းနဲ့ဖြူ့အဖေကခြံချင်းကပ်ရပ်မလို့သူပြောခိုင်းထား၍ မနက်ဖြန်ရောက်လာမယ်လို့ပြောပြလိုက်တယ်

Love Is LoveWhere stories live. Discover now