Chapter 31(zg)

393 9 0
                                    

ဧည့်ခန်းလေးထဲဒေါ်ချိုဇင်ရဲ့အော်ဟစ်ပြီး ဦးကျော်ထွဋ်ကိုအပြစ်တင်ဆဲဆိုကာ ငိုယိုနေတဲ့အသံကလွဲရင် ဖြူကောသူမအဖေပါဘာမှထပ်မပြောတော့
ဦးကျော်ထွဋ်အနေနဲ့ဆိုအံ့ဩဆွံအပြီး ဘာစကားမှမပြောနိုင်ဖြစ်နေတာပါ ဒါကို ဒေါ်ချိုဇင်ကပိုစိတ်ဆိုးကာ.....

"နင့်လိုကောင်လက်ထဲက သမီးလေးကိုသာငါလာမတောင်းခဲ့ဘူးဆို အခုဘာတွေများဖြစ်နေနိုင်မလဲ
နင်ပြောစမ်း ပြောလေ #$!@"ဆိုပြီး ဆဲဆိုကာ ပါးကိုရိုက်လိုက်တော့ ဖြူထပြီးတားပေမယ့် မှီရာကို မှီသလိုရိုက်နှက်နေတော့တယ်

"မလုပ်ပါနဲ့ ကြီးကြီး ဖေကြီးကမသိခဲ့လို့ပါ မရိုက်ပါနဲ့ကြီးကြီးရယ်
သမီးတောင်းပန်ပါတယ်"

"ဖယ်စမ်းသမီး ကိုယ့်သမီးအရင်းကိုတောင်ဒီလိုဘဝတွန်းပို့နိုင်တဲ့လူယုတ်မာ သတ်ကိုသတ်ပစ်ရမယ် သမီးအသာဖယ်နေစမ်းပါ"

ဖြူကတားနေပေမယ့် ကြီးကြီးဆီက တခါမှမမြင်ခဲ့ဖူးတဲ့ဒေါသတွေကြောင့်တားဆီးရခက်နေတာမလို့ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်တော့တယ်
ဦးကျော်ထွဋ်ကအသိမရှိတော့တဲ့သူတယောက်လိုကြီးကြီးရိုက်သမျှခံနေတာပေါ့
ဖြူငိုပြီးတောင်းပန်လွန်းတော့မှပဲ ကြီးကြီးသူ့ကိုယ်သူထိန်းလိုက်ပြီး ပြန်ထိုင်လိုက်တော့ ထိန်းထားသလိုလိုနဲ့ကြီးကြီးပေါင်လေးကိုကိုင်ကာ ဖြူအောက်ကြမ်းပြင်မယ်ပဲထိုင်နေရတယ်
ခနကြာတော့မှ ဦးကျော်ထွဋ်ကငိုသံကြီးနဲ့ စကားစပြောလာတယ်

"ကျနော့်အမှားကြောင့် နောက်အိမ်ထောင်ပြုခဲ့ရတာမလို့ သမီးလေးကို ကျနော်မျက်နာခြင်းဆိုင်ဖို့ရှက်နေခဲ့တာပါ
အနည်းဆုံးတော့ ပြည့်ပြည့်စုံစုံလေးထားချင်တယ်ဆိုတဲ့စိတ်နဲ့ အလုပ်တွေပဲဖိလုပ်လာခဲ့တာ အချိန်ကုန်မှန်းမသိကုန်ခဲ့ရတယ်
ကျနော်သိထားထင်ထားခဲ့တာက မတူညီတဲ့မိသားစုနဲ့ဆိုတော့ သမီးလေးအဆင်မပြေဖြစ်နေတာ ကြာရင်တော့ပြေလည်သွားနိုင်မယ်လို့ပေါ့
အခုသမီးပြောတာတွေ ကျနော်ဘာတခုမှမသိခဲ့မကြားခဲ့ရဘူး ကျနော်...ကျနော်ဘာပြောနိုင်ဦးမှာလဲဗျာ
မမချိုပြောသလို ကျနော်က လူမဆန်တဲ့ကောင်ပါ လူမဟုတ်တဲ့ကောင်ပါ ကျနော်တကယ်ကိုပြန်ပြင်လို့မရနိုင်တဲ့အမှားကြီးကိုမှားခဲ့တာပါဗျာ😭
သမီးရယ် ဖေကြီးကို ဒါတွေဘာလို့တခုမှမပြောပြခဲ့ရတာလဲ"

Love Is LoveOnde histórias criam vida. Descubra agora