Escape From Coma,Part4(zg)

495 11 0
                                    

နော်ဖော ဖြူ့မျက်နာလေးကိုကြည့်နေတယ်
ဖြူဟာသတိလစ်နေတယ်လို့ကိုထင်ရက်စရာ
မရှိပါဘူး ဘာပြင်ဆင်ခြယ်သမှုမှမရှိတဲ့
ဖြူ့ရဲ့ပကတိပင်ကိုယ်မျက်နှာလေးကိုက
သဘာဝအတိုင်းချောမွတ်နေလွန်းတယ်
ဖြူ့ကိုယ်ပေါ်နှလုံးခုန်နူန်းစမ်းသပ်ဖို့တပ်ဆင်
ထားရတဲ့ကြိုးတွေ ဆေးထိုးအပ်ပိုက်တွေ
အနားက အောက်စီဂျင်ဗူးတွေသာမရှိဘူးဆို
ရင် ဖြူကအိပ်နေတဲ့အတိုင်းလေးပဲ
တကယ်တော့နော်ဖောဒီ၅လကျော်လုံးဖြူပြန်
ကောင်းလာရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့နေ
လာခဲ့တာပါ ဒါပေမယ့်တခါတလေဆို ထိန်းချုပ်ဖို့ခက်ခဲလောက်အောင်ပင် ဖြူ့ကို
သူအရမ်းလွမ်းတယ်

အနော် အနော်လို့မြတ်မြတ်နိုးနိုးနဲ့ခေါ်ပြီး သူ့
ကိုပြောလာတဲ့ စကားသံလေးတွေ သူရင်ခုန်
ခဲ့ရတဲ့ ဖြူ့ရဲ့ရိုးရှင်းလွန်းတဲ့ အပြုအမူလေး
တွေ သူ့အပေါ်ထားတဲ့ဖြူ့ရဲ့ဂရုစိုက်ကြင်နာ
မှုလေးတွေ ဒါတွေကိုအခုသူအရမ်းလိုချင်
မက်မောမိနေတယ်လေ ဖြူ့မယ်သူအရမ်း
မြတ်နိုးနှစ်သက်ခဲ့ရတဲ့ဆံပင်ရှည်ကြီးမ
ရှိတော့တာကလွဲရင် ဖြူဟာဖြူအဖြစ်လှပစွာ
ရှိနေဆဲဆိုပေမယ့်လည်း အခုအချိန် ဖြူ့ရဲ့
တည်ရှိနေခြင်းက သတိလစ်နေတာနဲ့ကုန်ဆုံး
နေသည်မလား အထူးသဖြင့်ဒီလိုအချိန်မျိုး
ဆို ဖြူ့ကိုသူအရမ်းတမ်းတမိတယ်

"ဖြူ....နောက်၂လဆိုရင် အနော်နဲ့ဖြူချစ်သူ
ဖြစ်တာ ၅နှစ်ပြည့် Anniversaryရှိတယ်ဖြူ
ရဲ့အနော်ကတော့ဝေးခဲ့ရတဲ့အချိန်တွေပါ
ထည့်တွက်မှာပဲသိလား ဘာလို့လဲဆိုတော့
ဖြူ့ကိုအနော်က စချစ်ခဲ့တဲ့အချိန်ကနေ
အခုအချိန်ထိ တရက်မှ မချစ်ပဲမနေခဲ့ဘူး
လေ ဖြူလဲအတူတူဆိုတာအနော်ယုံကြည်
ထားလို့ ဒီလိုအနော်သတ်မှတ်ထားတာပေါ့
ဖြူ့ကိုအနော်အရမ်းလွမ်းတာပဲဖြူရယ် ဖြစ်
နိုင်မယ်ဆိုအဲ့အချိန်မတိုင်ခင်လေး ဖြူသတိ
ပြန်ရလာစေချင်တယ် ဖြူနဲ့အတူ အဲ့အချိန်
လေးကိုအနော်ဖြတ်သန်းချင်လို့ပါဟာ
အနော်တောင်းဆိုတာအရမ်းများသွားလား
ဖြူပြောပေးပါလားဟင် ဖြူရယ် ဟီးးး
ဟီးး😭 ဖြူ့ကိုအနော်စောင့်နေမှာပါသိလား
ဘယ်လောက်ကြာသွားနိုင်မလဲ အနော်မ
သိတော့ပါဘူး ဒါပေမယ့်အနော်စောင့်နေမှာ
ပါဖူရယ် ဘာလို့လဲဆိုတာတော့ ဖြူသိမှာပါ
နော် ဖြူ့ကိုအနော်အရမ်းချစ်လို့ပေါ့ ဟုတ်
တယ်မလား ဖြူ့ကိုလေ အနော်အရမ်းကိုချစ်ပါတယ်ဖြူရယ် ဟီးးးး 😭"
💢
"မဖြစ်နိုင်တာ အနော် ဖြူမယုံဘူး ဒါတွေက
ဘာတွေလဲ ဖြူဘာတွေဖြစ်နေတာလဲ"

Love Is LoveWhere stories live. Discover now