Chapter 46(uni)

899 59 4
                                    

ဒီအတောအတွင်း မြတ်သူကျော်အတွေးတွေနဲ့သာအလုပ်တွေရှုပ်နေရသည် လက်ရှိအချိန်မယ်နှောင်းရိပ်ချိုဆိုတဲ့မိန်းမကို မုန်းရုံတင်မဟုတ် သူရွံပါရွံနေတာပါ
ဒါပေမယ့် သူမပြောခဲ့တဲ့စကားတေွက သူ့အတွေးတွေရဲ့အခြေခံလိုကိုဖြစ်နေတယ် သူပြောတဲ့အရာတွေထဲက သူအများဆုံးတွေးနေမိတာက နော်ဖောအယ်လ်မူးပဲ

နှောင်းရိပ်ချိုနဲ့နောက်ဆုံးစကားပြောပြီးနောက် သူစိတ်တွေကအဲ့တယောက်နဲ့ပတ်သက်ပြီးဘယ်လိုမှနေလို့မရတာနဲ့ သူ့အကြောင်းတွေစုံစမ်းခဲ့တယ်
သူကြားလိုက်သိလိုက်ရတာတွေက နှောင်းရိပ်ချိုပြောသွားတာတွေနဲ့အတူတူလောက်ကိုမှန်နေသည် စော်ကိစ္စအရမ်းရှုပ်တယ် စောျတှကေသူ့ကို မိန်းခလေးခြင်းကို ကြွေအောင် တန်းတန်းစွဲကိုဖြစ်နေတဲ့အထိ သူကစွမ်းတယ်တဲ့
တယောက်ကိုတလထက်ပိုမတွဲခဲ့ဘူး တွဲခဲ့သမျှကလည်းအိပ်ယာထဲရောက်ကုန်တာချည်းပဲတဲ့ နောက်ဆုံး lesbian group sexတွေတောင်လုပ်တယ်ဆိုတာတွေကိုပါဝင်ခဲ့တဲ့မိန်းကလေးကိုယ်တိုင်ပြောပြလာတယ် ပိုဆိုးတာက နှောင်းရိပ်ချိုနဲ့ပါမလွတ်ကင်းခဲ့တဲ့သူ နှောင်းရိပ်ချိုကလည်း အဲ့တယောက်ကိုချစ်နေတယ်ပြောတယ်လေ
သတင်းတွေအရကတော့ သူကလည်းနှောင်းရိပ်ချိုလိုပဲ အချစ်ကိုကစားစရာတခု လိင်ဆန္ဒတခုလိုသတ်မှတ်ထားတဲ့သူတဲ့လေ ဖြူ့အတွက် မြတ်သူကျော်စိုးရိမ်လာမိတယ်

မြတ်သူကျော်စိတ်ထဲ ဖြူ့ကိုလဲသူပြုစားထားတယ်ဆိုတဲ့အတွေးမျိုးကတွေးမိလာတယ် ဖြစ်နိုင်ချေတွေလည်းရှိတယ်လေ ဖြူဘယ်လောက်ရိုးစင်းလဲသူသိနေတာပဲ ဒီလောက်မိန်းမကျမ်းကျေနေတဲ့ နော်ဖောအယ်လ်မူးအတွက် ဖြူ့လိုမိန်းခလေးမျိုးကိုပိုင်ဆိုင်နိုင်အောင်လုပ်မယ့်နည်းလမ်းတွေကအများကြီးတောင်မလိုဘူး
ဖြူဒါတွေသိအောင်ပြောရမယ် ဖြူနားလည်သွားတဲ့အထိကိုသူပြောပြရမယ်ဆိုပြီး ဖြူနဲ့တွေ့ဖို့လိုပြီလို့ဆုံးဖြတ်လိုက်တယ်
ဒီလိုလူမျိုးတယောက်ရဲ့လက်ထဲတော့ ဖြူ့ကိုသူလွယ်လွယ်နဲ့လက်မလွှတ်ပေးချင်တော့တဲ့အတ္တကလည်းတဖြေးဖြေးကြီးထွားလာခဲ့တော့တယ် သူသဘောထားကြီးစွာနောက်ဆုတ်ပေးခဲ့တာက သူချစ်တဲ့ပန်းလေးလန်းစေဖို့ နွမ်းသွားစေဖို့မှမဟုတ်တာပဲ
💢
အမိုးစီစဥ်ထားသလို နှောင်းရိပ်ချိုနဲ့အတူအလုပ်တွဲလုပ်ဖြစ်ခဲ့တယ် နော်ဖောရဲ့စိတ်ထဲမှာတော့ဒီမိန်းမနဲ့ပတ်သက်ပြီး အလုပ်တွဲလုပ်ရုံသပ်သပ်သာပေါ့ အမိုးရဲ့စီးပွားရေးအမြင် နောက်ပြီးဖြူပြောတာမှန်တယ်ဆိုတာ ၆လအတွင်းမယ်ကိုသိလာခဲ့ရတယ် နှောင်းရိပ်ချိုကအလုပ်ကလူနဲ့personal lifeကလူကို လူများခွဲထားသလားတောင်နော်ဖောထင်ရတဲ့အထိကိုတော်ပါတယ်

Love Is LoveWhere stories live. Discover now