Escape From Coma,Part3(uni)

941 64 0
                                    

အချိန်တွေက လျှင်လျှင်မြန်မြန်ပဲကုန်ဆုံးလာခဲ့တယ် ဖြူComaကြောင့် သတိလစ်မေ့မြောနေခဲ့တာ အခုဆိုရင် ၅လကျော်လာခဲ့ပြီလေ ဒီအတောအတွင်းမယ် နော်ဖောကအရင်ထက်ကိုပိုပြီး အလုပ်မယ် ကြိုးစားလာခဲ့တယ် ဒါတင်မဟုတ်ပါဘူး အဘက်ဘက်မယ်ကို သူကြိုးစားနေခဲ့တာပါ ဒါတွေအကုန်လုံးကိုသူလုပ်နေရခြင်းရဲ့ရည်ရွယ်ချက်အကြောင်းအရင်းကတော့ အကယ်၍ ဖြူပြန်သတိရလာတဲ့အခါ အားလုံးက ဖြူ့အတွက် အဆင်ပြေစွာအံ့ဝင်
ခွင်ကျဖြစ်စေနိုင်ဖို့တခုတည်းကြောင့်ပါပဲ
ဖြူဖြစ်စေချင်ခဲ့တဲ့လူတယောက်အနေနဲ့
ဖြူ့ကို သူမြင်စေချင်လွန်းလို့ ဖြူ့စိတ်နဲ့သူရဲ့
ကိုယ်လိုကို နော်ဖောနေထိုင်လာခဲ့တယ်လေ

နော်ဖောကအစကတည်းက LGBTအသိုင်းအဝိုင်းထဲမယ်နာမည်ကြီးတယောက်လေ
အခုတော့ အဲ့အသိုင်းအဝိုင်းထဲမယ် ထဲထဲဝင်ဝင်ကိုပါဝင်ပတ်သတ်လာခဲ့တယ် LGBTအသိုင်းအဝိုင်းထဲမယ်ဆိုရင်
နော်ဖောတို့အတွက် Fan clubလေးတောင်ဖွဲ့ပေးထားပြီး အဲ့ထဲလေးမယ် ဖြူ့အတွက် ဆုတောင်းစကားလေးတွေပြောပေးကြသူတွေ နော်ဖောရဲ့အချစ်ကိုအားကျနေကြသူတွေ ဖြူအမြန်သတိရလာပြီး နော်ဖောနဲ့လက်တွဲနိုင်တာကိုမြင်ချင်နေကြပြီဆိုတာမျိုးတွေစုံနေတာပါပဲ
သူတို့နှစ်ယောက်ကိုIdolလို့ကိုသတ်မှတ်လာတဲ့ same genderအတွဲလေးတွေဆိုတာကလည်းအများကြီးရှိလာကြတယ်လေ
💢
"Hello ကိုအုပ်စိုးပြောပါ"

"အေးနော်ဖော အခုလာမယ့် September Promotionမယ်ပွဲလုပ်ဦးမှာလား ရန်ကုန်မယ်ပဲလုပ်မှာလား ဒီမယ်ကကောဘယ်လိုမျိုးစီစဥ်ရမှာလဲ
ဒါသိချင်နေလို့အကိုဖုန်းခေါ်လိုက်တာ"

"တောင်ကြီးမယ်က ဒီတိုင်းPromotionပွဲလေးလိုLucky drawပုံစံလေးလုပ်ပေးလိုက်ပေါ့ ဝန်ထမ်းတွေအတွက်လည်းစားပွဲလေးလုပ်ပေးလိုက်ပါ ရန်ကုန်မယ်တော့ ဒီTelecomအတွက်ကော တခြားလုပ်ငန်းတွေအတွက်နဲ့ကော ပွဲလုပ်ဖို့ရှိတယ် ညစာစားပွဲလိုပေါ့ တော်တော်များများလာကြမှာ အဲ့တာ အကို မလဲ့အတူနဲ့လာခဲ့ပေးနော်"

"ဟာ"

"ဘာလဲ မလဲ့ဆိုတော့ ပြောပါဦး အခြေအနေကိုလည်း ဟီး.. စော်ကြီးကမူနေတုန်းပဲလား😁"

Love Is LoveWhere stories live. Discover now