Chapter 55(uni)

899 63 0
                                    

(After 2 Month)
"FrenchကCompanyခွဲအတွက် စာရင်းတွေမယ် အမှားတွေအများကြီးပဲ  ဒါကိုမနှောင်းရိပ်သေချာပြန်လုပ်ပေးပါ"

နှောင်းတယောက် သူမကိုစာရင်းမှားတွေနဲ့ပတ်သတ်ပြီး ပြောဆိုနေတဲ့ နော်ဖောကိုကြည့်လိုက်တယ် သူဒီအတောအတွင်းဘာမှမဖြစ်ခဲ့သလိုပါပဲ
ဇွန်ပွင့်ဖြူနဲ့ကိစ္စကြောင့် အနည်းဆုံးတော့သူနာကျင်ရလိမ့်မယ်လို့ နှောင်းကအပိုင်တွက်ထားတာ အဲ့လိုအချိန်မယ်သူမကကြင်နာမှုလေးတွေနဲ့ဖြားယောင်းသွေးဆောင်နိုင်မယ်ပေါ့
အကယ်လို့သူကြိတ်ခံစားနေရတယ်ဆိုရင်လည်း တခုခုအပေါ်အာရုံစိုက်တာမျိုးလောက်တော့လုပ်ရမယ်မလား
အခုသူမမျက်စိရှေ့ကနော်ဖောကတည်ငြိမ်လွန်းနေတယ် ဒီအခြေအနေက ဘယ်လိုမှထည့်မတွက်ထားမိတဲ့အနေအထားဆိုတော့ နှောင်းရှေ့ဆက်တိုးဝင်ဖို့ခက်နေတယ်
သူမကိုယ်တိုင်လည်းဒီရက်ပိုင်းအတော်ပင် စိတ်ရောကိုယ်ပါပင်ပန်းနေရတယ်လေ
ဒါကြောင့်အလုပ်မယ်အမှားလေးတချို့တောင်ဖြစ်လာခဲ့ရတယ်

"ဟုတ် နော်လေး နှောင်းပြန်စစ်ပြီး သေချာပြန်လုပ်လိုက်ပါမယ်"

"မနှောင်းရိပ်ကြည့်ရတာ Stressများနေသလိုပဲ"

သူကတောင် နှောင်း stressများနေတာကို ရိပ်မိလိုက်သေးတယ် နော်လေးကို နှောင်းလျော့မတွက်ရဲတော့ပါ
သူ့လိုအခြေအနေက ဘယ်သူမဆို ပုလင်းလေးဆွဲပြီး လွမ်းကြောင်းဆွေးကြောင်း အသည်းကွဲနေရကြောင်းလုပ်နေရမယ့်အချိန်မဟုတ်ပါလား

"ဟုတ်တယ်နော်လေး ဒီရက်ပိုင်းပိုပြီးအလုပ်နည်းနည်းဖိလုပ်လိုက်လို့ပါ"

"Aww!ဒါဆို ညနေလောက်အားလား Barလေးဘာလေးသွားကြတာပေါ့ Stressလည်းလျော့ရင်းနဲ့လေ အဆင်ပြေရင်ပြောတာပါ"

OMG!သူမရှေ့ကဘယ်သူလဲလို့တောင် နှောင်းတွေးမိလိုက်တယ်ထင်တယ် နော်လေးကသူမကို Barအတူသွားဖို့ခေါ်နေတယ်တဲ့လေ သူမပျော်ပြီးလက်ခံရမှာမလား ဒါပေမယ့် ဒီအခြေအနေကြီးက ထူးဆန်းတယ်လို့ ဘာလို့သူမခံစားနေရတာလဲ

"မနှောင်းရိပ် ဘာဖြစ်လို့လဲ မအားရင်နေပါ အနော်ကဘာမှမဖြစ်ပါဘူး ဒီတိုင်းသွားကြမယ်ပြောတာပါ"

Love Is LoveWhere stories live. Discover now