နှောင်းရိပ်ချို နော်ဖောနဲ့အတူ ညစာစားပွဲတခုမယ် လုပ်ငန်းကိစ္စတွေဆွေးနွေးပြီးသူမတိုက်ခန်းလေးဆီကိုပြန်ရောက်လာတယ် အိပ်ယာပေါ်ခနနားရင်းမှ ဖုန်းpowerကိုပြန်ဖွင့်လိုက်တယ်
ဒီလိုလုပ်ငန်းအတွက် အရေးကြီးက္စိ္စအစည်းအဝေးတွေ ဆေွးနွေးပွဲတွေလုပ်မယ့်အချိန်ဆို သူမကဖုန်းကို Power offထားတတ်တာသူမရဲ့အကျင့် 100%ပဲအလုပ်အတွက်အာရုံစိုက်တတ်သူဖြစ်တယ်
ဒီလိုအလုပ်နဲ့ကိုယ်ပိုင်အချိန်ကိုခွဲခြားနိုင်စွမ်းရှိတာကလည်း သူမရဲ့အရည်အချင်းတခုပဲဖြစ်သည်Phone powerပွင့်လာတော့ သူမဆီ Messageတွေအများကြီးရောက်နေတာတွေ့လိုက်ရတယ်
အသစ်ရောက်လာတာလေးတွေဖတ်ရင်းVoice messageတခုရောက်နေလို့ contact nameကိုကြည့်လိုက်တော့ ကိုမြတ်တဲ့ နှောင်းရိပ်ချိုသိထားပြီးသားအရာမလို့ မအံ့ဩမိတာတော့အမှန်ပါပဲ
💢
နော်ဖောအိမ်ပြန်ရောက်လာတော့ ဖြူ့ကိုအောက်မယ်မတွေ့တာနဲ့အခန်းထဲကိုပဲတန်းလာလိုက်တယ် အခန်းထဲရောက်တော့ အိပ်ယာထဲမှာဖြူအိပ်ပျော်နေတာလေးကိုတွေ့တယ်
သူမအနားလေးသွားထိုင်လိုက်ကာ အိပ်ပျော်နေတဲ့ဖြူ့မျက်နာလေးကိုကြည့်လိုက်ရတော့ တနေကုန်အလုပ်ထဲပင်ပန်းတာတွေကပြေပျောက်သွားရောပေါ့ နော်ဖောစိတ်တော့ ဒါအချစ်ကပေးတဲ့အားအင်တွေလို့ကိုယ်ပါကိုယ်တွေးပြီးပြုံးလိုက်မိတယ်
ပြီးတော့ နဖူးလေးပေါ်ကျနေတဲ့ဖြူ့ဆံပင်လေးတွေကိုအပေါ်သပ်တင်ကာ နဖူးလေးကိုနမ်းလိုက်ပြီး ရေမိုးချိုးရန်ထလိုက်တော့ သူ့လက်ကိုဖြူလာဆွဲထားတာမို့...."ဖြူနိုးသွားတာလား အိပ်ချင်ပြန်အိပ်လေ အနော်ရေသွားချိုးမို့ ပြီးမှ ညစာအတူစားရအောင်ပြန်နိုးပေးမယ်လေ"
ဖြူကငုတ်တုတ်လေးထလာပြီး.....
"ဖြူ့ကိုဖက်ထားပေးပါလား အနော်"လို့ပြောတော့ နော်ဖောလည်း ဘာဖြစ်တာလဲမသိပေမယ့်ဖက်ပေးထားရင်းမှမေးရတော့တယ်
"ဖြူဘာဖြစ်လို့လဲဟင် စာသင်ရတာပင်ပန်းလို့လား တချို့Guideဝိုင်းတွေလျော့လိုက်ပါလား"
"မဟုတ်ပါဘူး အနော်ဖက်ထားတာခံချင်လို့"
"အင်း ဒါဆိုအကြာကြီးဖက်ထားပေးမှာပေါ့"
![](https://img.wattpad.com/cover/267290310-288-k424296.jpg)
YOU ARE READING
Love Is Love
Fanfiction"ငယ်ဘဝစိတ်ဒဏ်ရာတွေကြောင့် ဘဝကိုရိုးစင်းလွန်းစွာနေထိုင်လာခဲ့သူ အချစ်ဆိုတာဘာမှန်းမသိခဲ့လောက်အောင်ပင် အေးစက်စက်နိုင်ခဲ့တဲ့ မိန်းကလေးဖြစ်တဲ့ "ဇွန်ပွင့်ဖြူ" အချစ်ကိုတွေ့ရှိလို့ သူမချစ်မိသွားခဲ့တဲ့အချစ်ဦးကလည်း မိန်းကလေးတယောက်ဖြစ်လာခဲ့သောအခါဝယ်" "ကျိကျိတ...