Chapter 10(uni)

1.5K 126 0
                                    

လဲ့လဲ့တို့ပြန်သွားပြီး ဖြူလဲ အိမ်ရှေ့ခန်းထဲဆက်တီပေါ်ထိုင်ရင်း နော်ဖောအကြောင်းတွေးမိမှန်းမသိကိုတွေးမိနေသည် တွေးမိတယ်ဆိုပေမယ့် သူ့အကြောင်းက ထဲထဲဝင်ဝင်တော့မသိပါဘူး လဲ့လဲ့တို့ပြောပြတာနဲ့ ဖြူကိုယ်တိုင် တွေ့မြင်ခဲ့ရတာလေးအပေါ်တွေးမိနေတာမျိုးပေါ့

ဖြူတခုတော့ သတိထားမိတယ် သူ့ရဲ့အကြ
ည့်တွေကိုပေါ့ သူဖြူ့ကိုကြည့်တဲ့အကြည့်
တွေကတမျိုးပဲ ဖြူမရင်းနှီးတဲ့အကြည့်
မျိုးတွေနဲ့ဖြူ့ကိုကြည့်ကြည့်နေတယ်လို့ဖြူ
ခံစားရတယ် ပြီးတော့ သူ့ရဲ့အဲ့လိုအကြည့်
တွေနဲ့ကြည့်နေတာမျိုးကို ဖြူမခံနိုင်တာကို
လည်း ဖြူသိလိုက်ရတယ် သေချာတာက သူ့
အကြည့်တွေက သူငယ်ချင်းမိတ်ဆွေလိုအ
ကြည့်မျိုးမဟုတ်တာတော့ ဖြူရိပ်မိတယ်
နောက်ပြီးတော့ သူနဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေပြီး
တိုင်း ဖြူ့နှလုံးခုန်သံတွေမြန်လာတတ်တာ
ကိုလည်း သတိထားမိတယ် အခု သူ့အကြည့်
နဲ့ကိုပင် ဖြူ့နှလုံးခုန်သံတွေက ဖြူ့
သဘောထားမပါပဲနဲ့ သူတို့ဆန္ဒနဲ့သူတို့
ထိန်းချုပ်လို့မရနိုင်အောင် ခုန်နေတော့ စိတ်
ထဲက ကိုယ့်အမိန့်မနာခံတဲ့ ကိုယ့်နှလုံးခုန်
သံတွေကို ဖြူလည်း မကျေနပ်ဘူးဖြစ်နေ
ရတော့တာပေါ့လေ

[အနော် အနော်နဲ့ နာမ်စားလေးသုံးတတ်ပြီး
ဖြူ့ကိုအမြဲSorryပြောတတ်တဲ့ ကောင်မဆိုး
လေးရယ် ဖြူဘာဖြစ်နေတာလဲကိုယ့်
ကိုယ်တိုင်တောင်မပြောတတ်တော့ပါဘူးဟာ
ဖြူသိတာနင်လေးမတိုင်ခင် ဘယ်တုန်းကမှ
ဒီလိုရင်ခုန်သံတွေကို မထိန်းချုပ်နိုင်တာမျိုး
မဖြစ်ခဲ့ဖူးဘူးဆိုတာပါပဲ ဖြူသိနိုင်စွမ်းမရှိတဲ့
ခံစားချက်မျိုး နင်နဲ့တွေ့မှ ဖြူခံစားမိနေ
တယ် ဒါကိုနင်သိရဲ့လား လူဆိုးမလေးရယ်]

မလဲ့တို့အိမ်ပြန်ရောက်လာပြီး မလဲ့က
စကားပြောမယ် ခြံထဲလိုက်ခဲ့ဆိုလို့ ခြံထဲ
လိုက်လာခဲ့လိုက်တယ် ခြံထဲလည်းရောက်
ကော မလဲ့ကစပြီး......

"နော်လေး အခုနကကားပေါ်မယ်ပြောတဲ့စကားက ဘာလဲ' ဘာသဘောလဲ"

"အနော်သူ့ကိုချစ်မိနေပြီ တကယ်... အနော်တကယ်ပြောတာပါမလဲ့''

Love Is LoveWhere stories live. Discover now