Chapter 41(zg)

324 5 0
                                    

ဒီနေ့ညနေ မောင်လေးကိုသွားကြိုတော့ စိတ်ရှုပ်စရာကြုံခဲ့ရတယ် ဖြူစင်မောင်လေးရဲ့ကျောင်းက ယောက်ကျားလေးသီးသန့် private schoolဖြစ်ပြီး ဖြူလည်းသွားကြိုကော မောင်လေးကမျက်နာပျက်နေတာနဲ့ဘာဖြစ်တာလဲမေးတော့ သူ့လက်ထဲကစာတစောင်ကိုဖြူ့ကိုလာပေးတယ်
ဒါနဲ့ဖြူဖတ်ကြည့်တော့ မောင်လေးကတဆင့်ဖြူ့ဆီပေးလာတဲ့ရည်းစားစာဖြစ်နေတော့ ဖြူပေါက်ကွဲသွားတာပေါ့
ဒါပေမယ့် စိတ်ထိန်းလိုက်ကာအိမ်ကိုပဲပြန်လာခဲ့လိုက်ကြတယ် အိမ်မယ်လူစုံတော့မှ ဒီလိုဖြစ်ကြောင်းပြောပြပြီးတော့မှ ဒါနဲ့အန်တီဇလပ်ဝါက သူနဲ့အသိဖြစ်တဲ့ မောင်လေးတို့ရဲ့ကျောင်းအုပ်ကိုဖုန်းဆက်ပြီးအကျိုးအကြောင်းပြောပြတာပေါ့

"ကဲ သမီးလေး အန်တီ သားလေးကျောင်းကိုဖုန်းဆက်ပြောထားလိုက်ပါပြီကွယ်"

"ဟုတ် ဖြူအဆင်ပြေပါတယ်အန်တီ"

"အငယ်လေး နင်ကလဲ သူများပေးတိုင်းယူစရာလားဟယ်"

"မဟုတ်ပါဘူးမမကြီး မောင်လေးကကလေးပဲလေ အာလုံးကိုဖြူပြောပြထားချင်တယ်"

"ဘာများလဲ သမီးရဲ့"

"ပြောပါ ညီမလေး"

"ဒီလိုပါ ဖြူရွေးချယ်ထားတဲ့ အနော်နဲ့ကိစ္စကြောင့် အိမ်ကလူတွေ တခုခုဆိုမျက်နာပူသွားနိုင်တာနားလည်ပါတယ်"

"မဟုတ်တာကွယ် အန်တီတို့က နားလည်ပေးထားတာပဲသမီးရဲ့"

"ဟုတ်သားပဲ ညီမရဲ့ အထင်မသေးလိုက်ပါနဲ့နော် မနှင်းက LGBT supporterပါ"

"ကျေးဇူးတင်ပါတယ် တကယ်ပါ ဒါပေမယ့်လေ ဖြူတို့ရွေးချယ်ထားတဲ့အရာအတွက် တခြားသူတွေအခက်မတွေ့စေချင်ပါဘူး ဖြူပြောပြပါ့မယ် အကယ်လို့ ဖြူ့ကိစ္စနဲ့ အထူးသဖြင့် ဒီလိုကိစ္စမျိုးနဲ့စကားပြောရမယ်ဆို မသိဘူး ဖြူ့ကိုသာမေးလို့ပြောလိုက်ကြပါ ဒါဆိုအဆင်ပြေသွားနိုင်မယ်လို့ဖြူထင်လို့ပါ"

"အဲ့တာလည်းကောင်းတာပဲနော် ဟုတ်တယ် လူတွေကတော့ လိုရာဆွဲတွေးကြမှာမလား ဒီတော့ သမီးကိစ္စသမီးပြောတာကပဲ ပိုသင့်တော်နိုင်ပါတယ်"

"အေးကွယ် ဒါဆိုလည်း သမီးသဘောပါပဲ ဖေကြီးတို့ကတော့ ပြောထားပြီးသား သမီးရွေးချယ်မှုအေပါ် အမြဲထောက်ခံပေးသွားမယ် ဒါကိုသမီးသိစေချင်တယ်နော်"

Love Is LoveWhere stories live. Discover now