Chapter 74(uni)

1.2K 77 0
                                    

ဒီလိုနဲ့Operationနေ့ကိုရောက်လို့လာတယ်
Operationခန်းထဲဖြူရောက်သွားတော့
အပြင်ဘက်မယ် ဒေါ်နော်အယ်လ်မှုးတာနဲ့
လဲ့လဲ့တို့ကဘုရားသခင်ဆီဆုတောင်းနေကြ
သလို ဒေါ်ဇလပ်ဝါလည်း ဘုရားစာတွေရွတ်
လို့ပေါ့ အုပ်စိုးလိုလူတောင် ထိုင်ရမလို ထရမ
လိုနဲ့ ဂဏာမငြိမ်ဖြစ်နေကြတယ်လေ ဦး
ကျော်ထွဋ်နဲ့မြတ်သူကျော်တို့ကတော့ပြီးခဲ့တဲ့
ရက်ကမှ ဖြူ့အတွက်လိုအပ်တဲ့ခန္ဒာကိုယ်ယ
အစိတ်အပိုင်းတွေကိုခွဲစိတ်မှုခံယူပြီးလှူ
ထားရတာကြောင့် ဆေးရုံကုတင်တွေပေါ်က
ပဲဆုတောင်းပေးနေကြပါတယ် အချိန်တွေက
ကြာလာတယ် ဒီမယ် နော်ဖောကတော့
ထူးခြားစွာပင်တည်ငြိမ်လွန်းနေကာ
ဖြူ့မောင်လေး ဖြူစင်မောင်နဲ့စကား
တွေပြောနေကြတယ်

"မမဖြူနေပြန်ကောင်းလာမှာပါနော် ဟုတ်
တယ်မလား နော်နော်"

"ဒါပေါ့ ဖြူစင့်မမက နတ်သမီးလေးလေ
နတ်သမီးဆိုတာက သူကိုယ်တိုင်က
ကံကောင်းနေတဲ့သူမျိုးကွ ဒါကြောင့် ဘာမှ
စိတ်မပူနဲ့သိလား"

"နော်နော်ကမမဖြူကိုဘာလို့ တယောက်
တည်းထားခဲ့ရတာလဲဟင်"

"ဖြူစင်က ဒါတွေသိလို့လား"

"ဒီလိုလေ မမဖြူရွာမယ်ဆရာမလုပ်တဲ့
အချိန်ကဆို သားကအလည်ခနခနသွားတယ်
လေ အဲ့တော့တွေ့တာပေါ့ ဘာတွေ့တာလဲသိ
လား"

"ဟင့်အင်း ဖြူစင်ကဘာတွေ့လို့လဲ နော်နော့်
ကို ဖြူစင်ကပဲအကုန်ပြောပြပေါ့"

"မမဖြူက တခါတလေဆိုသူတယောက်
တည်းစကားတွေပြောနေတတ်တယ် နော်နော့်
အကြောင်းတွေပဲလေ ပြီးတော့ ပြုံးတယ်
ရယ်တယ် ငိုလည်းငိုတယ် မမဖြူကအရူး
မလေးလိုပဲ
အဲ့တာနော်နော်ကသူ့ကိုထားခဲ့လို့သတိရနေတာကြောင့်မလား

"အဲ့လို...အဲ့လိုတော့မဟုတ်ပါဘူးဖြူစင်ရဲ့
ဒီလိုကွာ သားမမနဲ့နော်နော်က ရန်ဖြစ်ထား
ကြလို့ ခနခွဲနေကြတာမျိုး နားလည်လား"

"ဒါဆိုလဲ ခုမမဖြူနေကောင်းလာရင်ပြန်ခေါ်
ကြပါတော့လားဟင် နောက်ထပ်လည်း
ရန်မဖြစ်ကြပါနဲ့တော့ ရန်ဖြစ်တာမကောင်းဘူးလေ"

"ဟုတ်တယ်နော် စိတ်ချ နော်နော်နဲ့မမဖြူက
ဘယ်တော့မှရန်ဖြစ်တော့ဘူး နောက်ပြီး
ဘယ်တော့မှလည်းမခွဲကြတော့ဘူးသိလား"

Love Is LoveWhere stories live. Discover now