Chapter 40(zg)

349 6 0
                                    

ဖြူဒီနေ့ menstruationကြောင့် ဗိုက်ကအောင့်နေတော့ သင်တန်းမသွားဖြစ်တော့ဘူး ဆေးလေးသောက်ပြီး အိမ်မယ်ပဲနေဖြစ်တော့တယ် အိမ်မယ်က ဖေဖေကသူ့Companyမယ်ပဲနေ့စဉ်အလုပ်များသူဖြစ်ပြီးအန်တီဇလပ်ဝါက တနေ့လုံးမဟုတ်တောင် အချိန်ကြာကြာတော့ ဖေဖေနဲ့လိုက်သွားတတ်တယ်
ကိုကိုကြီးနဲ့မမကြီးကလည်း အလုပ်များသူတွေလေ ကျောင်းဖွင့်ရက်လည်းမလို့ မောင်လေးကလည်းကျောင်းတက်ရတယ်ဆိုတော့ အိမ်မယ် အကူအန်တီကြီးနဲ့ဖြူသာရှိတာပေါ့ ဒီလိုအချိန်ရောက်တော့ နော်ဖောMenstruationဖြစ်ချိန်ဆိုစိတ်အရမ်းဆိုးတတ်တာလေးလည်းသတိရပြီးပြုံးမိတယ်
နော်ဖောက အဲ့အချိန်ဆိုစိတ်တိုလွယ်ပြီး စလို့အရမ်းကောင်းတယ်လေ ပြီးတော့ ညစ်ပတ်တဲ့စိတ်လေးကပိုဖြစ်တယ်လေ

"ဖြူ ဖြူရှိလားခင်ဗျ အိမ်ရှင်တို့"

ခြံဝကအသံကြားပြီး ကိုမြတ်သူကျော်အသံဖြစ်နေတော့ ဖြူထပြီး ခြံတံခါးသွားဖွင့်ပေးလိုက်တယ်

"ဖြူသင်တန်းမလာလို့လေ ဘာများဖြစ်နေလဲတွေးမိလို့ ဆရာမစောကြည်ဖြူခင်ကလည်းမေးနေသေးတယ် အဲ့တာကြောင့်လာခဲ့လိုက်တာပါ"

"ဟုတ်ကဲ့ လာလေ ကိုမြတ်သူ ခုံမယ်ထိုင်ပါဦး ဖြူနေမကောင်းချင်လို့ သင်တန်းနားလိုက်တာ"

"Aww!သက်သာရဲ့လား"

"ဟုတ်ကဲ့ ခနလေးနော် ဖြူကော်ဖီလေးသွားဖျော်လိုက်ပါဦးမယ် ဒါမှမဟုတ်အအေးပဲသောက်မလား"

"ဟာ မလုပ်နေတော့ပါနဲ့ ကျနော့်ကိုဧည့်သည်လိုသဘောမထားပါနဲ့ဖြူရဲ့ ဒီတိုင်းခြံနီးနားချင်းလို့ပဲ မိတ်ဆွေသဘောသတ်မှတ်ပေးပေါ့"

"ဟုတ် ရပါတယ်"

"ဖြူမောင်လေးကော aww....ကျောင်းသွားတယ်ထင်တယ်"

"ဟုတ်တယ် ခနနေမှဖြူသွားကြိုရမှာ"

"ရရဲ့လား နေမကောင်းဘူးဆို ကျနော်သွားကြိုပေးလို့ရပါတယ်"

"ရပါတယ် နေပါစေ မောင်လေးက ဖြူဒီမယ်နေတဲ့အခါမျိုးဆို ဖြူလာကြိုမှကြိုက်တာမို့ပါ"

"Awwဒါဆို ကျနော်လိုက်ခဲ့ပေးမယ်လေ"

"နေပါစေ ကိုမြတ်သူ အလုပ်ရှုပ်မခံပါနဲ့ ဖြူတယောက်တည်းလဲရပါတယ်"

Love Is LoveWhere stories live. Discover now