Chapter 63(uni)

961 61 0
                                    

တပတ်လောက်ကြာတော့ ဖြူလဲခြံအလုပ်တွေ Guideအလုပ်တွေနဲ့ပဲလုံးချာပတ်ချာလိုက်နေတာ ဘာမှကိုသတိမရမိတော့ဘူး ဖြူဆုံးဖြတ်ထားတာက ကိုယ့်ဘဝလေးကိုသာယာအောင်တည်ဆောက်မယ် အဝေးကနေပဲ နော်ဖောကိုသူမဆက်ချစ်နေမယ် နော်ဖောရဲ့နေရာအစားထိုးဖို့လဲမရှိသလို သူမရဲ့အချစ်တွေကိုဘယ်သူ့ကိုမှခွဲမပေးဘူးလို့ဆိုပြီးပေါ့
အခုလည်း သူမတည်ဆောက်နေတဲ့ဘဝလေးနဲ့ပဲ အ​​ခြေကျစပြုလာနေပြီလေ

"မမဖြူသမီးတို့ပြန်တော့မယ်နော်"

"အေးကွယ် စာတွေသေချာလုပ်ကြနော် စာမေးပွဲကနီးလာပြီ"

"ဟုတ်ကဲ့ မမဖြူ"

ဖြူ သူမရဲ့Guideဝိုင်းက ကလေးတွေကို ခြံပြင်ထိလိုက်ပို့ပေးပြီး နှုတ်ဆက်လိုက်ကာ အိမ်ထဲပြန်ဝင်ဖို့ပြင်လိုက်တယ်

"မဇွန်ပွင့်ဖြူ"

"Hmm!အနော်..အဲ နော်ဖောအယ်လ်မှုးပါလား"

သူမနာမည်ကိုလာခေါ်လို့ကြည့်လိုက်တော့ နော်ဖောနဲ့ လူ၃ယောက်လောက် သူမခြံရှေ့ရောက်လာတာမြင်လိုက်တယ်
နော်ဖောကသူမဆီဘာလာလုပ်တာလဲ စိတ်ထဲလည်းစိုးရိမ်သွားတယ် အခုနော်ဖောက သူမကိုမြင်တာနဲ့ တခုခုဖြစ်အောင်ပြောလိုက် လုပ်လိုက်ဆိုတော့လည်း သူမစိုးရိမ်သွားသင့်တယ်လေ
ဒီနှစ်တွေအတွင်းဘာမှမဖြစ်ခဲ့ပဲ အခုမှ ဒါမျိုးတွေလာလုပ်နေတယ်ဆိုတဲ့အပေါ် သိပ်တော့နားမလည်ပါဘူး

"ဟုတ်ကဲ့ အနော်တို့ အလုပ်ကိစ္စနဲ့စကားလေးပြောချင်လို့ပါ"

"ဘယ်လို ဖြူနဲ့အလုပ်ကိစ္စ ဘယ်လိုမျိုးလဲ"

"အိမ်ထဲတောင်မခေါ်တော့ဘူးလား ဒီမယ်ကြီးပြောရမှာလား"

"ဟို..အင်းပါ လာပါ အိမ်ထဲဝင်ကြပါဦးနော်"

နော်ဖောကတည်တည်ငြိမ်ငြိမ်နဲ့စကားကိုပြောလာနေတယ် ပြီးတော့အလုပ်ကိစ္စဆိုပြီးလည်းပြောလာတော့ သူဘာကိုဆိုလိုတာလဲမသိဘူးလေ
အိမ်ထဲမခေါ်တော့ဘူးလားပြောလာတော့လည်း အားနာပြီးခေါ်လိုက်ရတာပေါ့ စိတ်ထဲတခုခုတော့ဖြစ်တော့မယ်ထင်တယ်တွေးမိတယ် နော်ဖောကသူနဲ့ပါလာတဲ့သူတေွကို စကားလှည့်ပြောလိုက်ပြီး သူတယောက်တည်းဖြူ့အိမ်ကိုဝင်လာလိုက်တယ်
အိမ်ထဲရောက်တော့ဧည့်ခန်းထဲမယ်ပဲထိုင်လိုက်ကြပြီးစကားပြောဖို့လုပ်တော့......

Love Is LoveWhere stories live. Discover now