Chapter 68(uni)

1K 74 2
                                    

မနက်၇နာရီခွဲကြီး နော်ဖောမလဲ့ရုံးခန်းထဲမယ်ပဲရှိနေတယ် သူတယောက်တည်းပါ နှောင်းကမလာနိုင်သလို မလဲ့ကလည်းရှိနေတာတောင်အဖတ်မလုပ် သူကလည်းဆောရီးပဲဆိုတော့ စကားတောင်မပြောဖြစ် ခုနကတော့ အလုပ်ကိစ္စနဲ့ဆိုကာထွက်သွားလေတယ်
တယောက်တည်းအလုပ်ထိုင်လုပ်နေတုန်း တံခါးဖွင့်ဝင်လာသံကြားလို့အပေါက်ဝကြည့်လိုက်မှ လန့်တောင်သွားတယ်
အုပ်စိုး! ဟုတ်တယ် ဒီကိုဝင်လာနိုင်ပုံထောက်ရင် အရင်တခါလိုခိုးဝင်လာပုံပဲ
သူ့ကိုကိုယ်ကလုပ်ထားတာဆိုတော့နော်ဖောလန့်သွားတာပေါ့

"ခင်ဗျား..ခင်ဗျား ဘာလာလုပ်တာလဲ"

နော်ဖောမေးရင်း အော်ဖို့လုပ်တော့ သူကခုံမယ်ပဲထိုင်လိုက်တယ်
ပြီးတော့ အေးအေးဆေးဆေးပုံစံနဲ့.......

"ငါလာတာအားလုံးကိုရှင်းဖို့် ပြီးရင်မင်းကြိုက်တာသာငါ့ကိုလုပ်တော့ကွာ ငါခံမယ်"

"ခင်ဗျားနဲ့အနော်ရှင်းစရာကိုမရှိတော့တာနော် ဒါနဲ့အနော်ပြောခဲ့ပါတယ် ဒီမယ်ဒါဘာလဲကြည့်လိုက်ပါဦး"

နော်ဖောက ဖြူ့ခြံစာချုပ်ကိုစားပွဲပေါ်ပစ်တင်ပြတော့ သူကတည်တည်ငြိမ်ငြိမ်ပင်ပြုံးတောင်ပြလိုက်သေးတယ်
အုပ်စိုးအရင်ပုံစံသာဆို စိတ်တိုသွားရမယ်မလား ဒါပေမယ့်.......

"Haha! ငါမင်းကိုပြောခဲ့ပါတယ် မင်းအမှားတွေများလေ ရမယ့်နောင်တကကြီးလေဆိုတာလေ ကဲငါရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး မင်းကိုဖြူရုတ်တရက်ဘာလို့ရက်စက်လွန်းသွားတာလဲမင်းအရမ်းသိချင်နေတယ်မလား"

"မလိုပါဘူး အနော့်ဘာသာစုံစမ်းလည်းရတယ် အခုလည်းအနော်ပျော်နေတာ ခင်ဗျားမြင်နေတာပဲမလား"

"မင်းမပျော်ပါဘူး မင်းရဲ့တလွဲအယူအဆက ခနလောက် မင်းရဲ့စိတ်ကိုကျေနပ်နေစေတာမျိုးပါ နောက်ပြီး မင်းဘာသာစုံစမ်းလို့ရရင် မင်းစုံစမ်းပြီးနေမှာပါ တကယ့်ကာယကံရှင်တွေက မင်းအနားလေးမယ်ပါကွာ"

"ခင်ဗျားဘာတွေပြောနေတာလဲ အချုပ်ကလွတ်တော့ ချောင်သွားတာလား ဒါနဲ့ပညာလေးနည်းနည်းလောက်ပေးခိုင်းလိုက်ရမှာဗျာ အနော်မေ့သွားတယ် သိလား"

Love Is LoveWhere stories live. Discover now