Chapter 45(zg)

481 4 0
                                    

"နှောင်းရိပ်ချို"

ကုတင်ပေါ်အိပ်နေတဲ့ကောင်မလေးရဲ့အဝတ်မဲ့အလှတရားကိုကြည့်ပြီး နှောင်းရိပ်ချိုနှုတ်ခမ်းလေးပြုံးရုံပြုံးလိုက်ကာ သူမရဲ့ကိုယ်လေးပေါ်စောင်လေးခြုံပေးလိုက်တယ် သူမလေးမနေ့ညက အတော်ပင်ပန်းထားခဲ့တာမလား
ကိုယ်လည်းအနားယူစဉ်ကာလလေးမလို့ဒီလိုပျော်စရာလေးတွေဖန်တီးရတာပါ ဒီနှစ်က နှောင်းအတွက်တော်တော်ကိုအလုပ်များခဲ့တဲ့အချိန်တွေပါ

သာမာန်ဥက္ကဌတွေရဲ့ Secretaryတယောက်ဆိုရင်ကို အလုပ်ကရှုပ်လွန်းတာ သူမလိုQueenslandကြီးတခုလုံးကိုတည်ထောင်သူဥက္ကဌရဲ့Secretaryအနေနဲ့ဆို အသက်ရှုဖို့တောင်အချိန်မလောက်နိုင်အောင်ပင်လို့တင်စားပြီးပြောရမယ့်ပုံ
ဒေါ်နော်အယ်လ်မှုးတာကQueenslandရဲ့နှလုံးသားဆို သူမကနှလုံးသားရဲ့စည်းချက်လိုပေါ့ အဲ့လောက်ထိ ဥက္ကဌကအေလးထားနေရာပေးထားခြင်းကို သူမရရှိခဲ့တယ်

တခါတလေ ကိုယ်သာအတ္တမကြီးဘူးဆို နှောင်းရိပ်ချိုဆိုတဲ့သူမအတွက် လက်ရှိအနေအထားဆိုတာက လူတိုင်းမက်မောအားကျနေရမည့်အဆင့်အတန်းမျိုးဆိုတာ သူမတွေးမိတာပေါ့
ဒါပေမယ့် လူတွေဟာအတ္တကိုယ်စီရှိကြတယ်ဆို သူမက သူမရဲ့အတ္တကို ဘုရားလိုကိုးကွယ်သူဖြစ်တာကြောင့် အမြင့်ဆုံးလို့သူမသတ်မှတ်ထားတဲ့ပန်းတိုင်မရောက်မခြင်းကျေနပ်နေမယ့်သူ မဟုတ်တာသေချာပါတယ်

သူမရဲ့ပန်းတိုင်က နော်ဖောအယ်လ်မူးဆိုတဲ့ တချိန်က သူမရင်ခွင်ဆိုပန်းမွေ့ယာကြီးထင်ခဲ့တဲ့သူလေး ဒါပေမယ့်အခုအချိန်မှာတော့ အိပ်ရာမှားအိပ်နေသောသူလေးဖြစ်လို့နေသည် ကိစ္စမရှိတခါတလေမယ် ပျော်ရာမှာထားပေးရမယ်မလား အချိန်တန်ရင်သူလေးအတွက်သင့်တော်တဲ့နေရာက သူမရဲ့ရင်ခွင်ဆိုတာသိလာမှာပါ

Bisexualလို့ခံယူထားပေမယ့် သူမက Lesbianသာသာပါ ဘဝရဲ့လိုအပ်ချက် သူမရဲ့အောင်မြင်လိုမှုတွေကြောင့်သာ ယောက်ကျားတွေနဲ့ပတ်သက်ခဲ့ပေမယ့် ယောက်ကျားတွေဆိုတာ သူမအတွက် လှေကားထစ်တွေလို့သာနှောင်းထင်တယ်
လောကမယ်မိန်းမတွေတော်ပြီဆို ဘယ်ယောက်ကျားမှလိုက်မမှီနိုင်ဘူး ဒေါ်နော်အယ်လ်မှုးတာဆိုရင် သူမအရမ်းလေးစားအားကျရတဲ့သူ အတုယူခဲ့ရသူပါ နှောင်းကမိန်းမဝါဒီသမားဆိုလည်းမမှားပေ

Love Is LoveDonde viven las historias. Descúbrelo ahora