Chapter 11(zg)

528 16 0
                                    

Time Skip!!!
ဘာလိုလိုနဲ့ နော်ဖောတောင်ကြီးရောက်နေပြီး မလဲ့တို့ဆီမယ် နေလာတာ၂ပါတ်တောင်ပြည့်တော့မယ် ဒီအတောအတွင်းလဲ့လဲ့လည်း စိတ်လျော့ကာ ဖြူနဲဆုံနိုင်အောင်အမြဲစီစဉ်ပေးတယ် ဒီလိုမလုပ်ပေးခင် နော်ဖောဆီက ကတိတခုတောင်းထားတယ်လေ သူတောင်းတဲ့ကတိက နော်ဖောရဲ့အလိုကိုလိုက်ပြီး မကန့်ကွက်တော့ပေမယ့် ဖြူ့ဘက်ကမလိုလားရင်ရပ်ပေးဖို့နဲ့ အဆင်ပြေခဲ့လို့ ဖြူကပြန်ချစ်နိုင်တယ်ဆိုရင် ဘာအကြောင်းအရာကြောင့်ပဲဖြစ်နေပါစေ ဖြူ့ကိုလက်တွဲနိုင်ရမယ် ဘယ်အရာကြောင့်မှလက်တွဲမဖြုတ်ရဘူးဆိုတဲ့ကတိပါ ဒီကတိနော်ဖောဆီကရမှ လိုက်လျောပေးခဲ့ခြင်းပင်

တကယ်တမ်းစောင့်ကြည့်လိုက်တော့ နော်ဖောရဲ့ဒီတခါအပြုအမှုတွေက အရင်အပြုအမှုတွေနဲ့လားလားမှမသက်ဆိုင် အရင်ဆို ကြိုက်ရင်ကြိုက်တယ် ရအောင်ယူတယ် ဘာကိုမှကြောက်နေတာမျိုး အားနာတာမျိုးမရှိသူ နောက်ဆုံးမရနိုင်ရင်တောင် နောက်တယောက်ပေါ့ဆိုပြီးဘာမှမဖြစ်သလိုနေနိုင်တဲ့သူက သူချစ်နေတာကိုပြောဖို့ထက် စိတ်ဝင်စားပါတယ်ဆိုတဲ့သဘောလေးကိုမထုတ်ပြရဲဘူးဖြစ်နေတယ် သူကြောက်နေတယ် ဖြူ့ဘက်ကငြင်းလိုက်မှာကိုလေ တဖြေးဖြေး လဲ့လဲ့ကိုယ်တိုင် နော်ဖောကို သနားလာတယ် စိတ်လည်းချမိတယ် ဒီကလေး တကယ်ချစ်မိနေပြီဆိုတာကိုလည်းသိလာလိုက်တယ်။

ဒါပေမယ့် ကူညီပေးဖို့ကလည်းမလွယ်တဲ့အခြေအနေမလား ဟုတ်တယ်လေ ဖြူ့ကိုဘယ်လိုသွားပြောမလဲ နင့်ကိုငါ့ညီမကကြိုက်နေတယ်ဆိုပြီးတော့လေ နော်ဖောကိစ္စက ရှင်းနေသလိုနဲ့ရှုပ်နေတာမျိုးမလား မတတ်နိုင်ဘူး သူတကယ်ချစ်တယ်ဆိုသူကြိုးစားရတော့မှာပဲလေ မလွယ်တော့မလွယ်တဲ့ကိစ္စမှန်း လဲ့လဲ့သိတယ်

သာမာန် relationshipတောင်မှမထားခဲ့ဖူးတဲ့ဖြူ့လိုမိန်းခလေးက နော်ဖောလို lesbianတယောက်အပေါ်ပြန်ချစ်နိုင်မယ်ဆိုတာက အပေါ်ယံတွေးကြည့်တာတောင်ခက်ခဲတယ်ဆိုတာ လွယ်လွယ်နဲ့တွေးလို့ရသည်မလား

မလဲ့အလျော့ပေးလို့ ကြိုးစားမယ်လုပ်တော့မှ တကယ်တမ်းကျ နော်ဖောမဝံမရဲဖြစ်နေတယ်ကြောက်နေတယ် ချစ်တယ်ပြောလိုက်လို့ဖြူငြင်းလိုက်ရင်ဆိုတာက လက်ရှိနော်ဖောရဲ့အိမ်မက်ဆိုးတခုလိုပင် ဒါပေမယ့် တဖြည်းဖြည်းပုံပေါ်လာတာကတော့ သူဖြူ့ကိုစွဲစွဲလန်းလန်းချစ်မိနေပြီဆိုတာ ဒါတွေကသက်သေပဲမလား

Love Is Loveحيث تعيش القصص. اكتشف الآن