Chapter 73(zg)

414 7 0
                                    

အုပ်စိုးနဲ့မြတ်သူကျော်တို့နှစ်ယောက် ထောင်ဆေးရုံရှေ့မယ်ရောက်နေကြကာ နောက်ထပ်ရောက်လာမယ့်သူတွေကိုစောင့်နေကြတယ် မကြာခင်ပဲ သူတို့်စောင့်နေတဲ့ နော်ဖောနဲ့သူ့အမိုးရောက်လာကြတယ်လေ
နော်ဖောကစကားပြောဖို့လိုပြီ သူနဲ့သူ့အမိုး နှောင်းရိပ်ချိုနဲ့မြတ်သူကျော် အားလုံးမျက်နာချင်းဆိုင်ပြောမယ်ဆိုတာကိုပြောလာတော့ နော်ဖောရဲ့ဆန္ဒအရအခုလိုစီစဉ်လိုက်ခြင်းဖြစ်သည်

ထောင်ဆေးရုံကိုလာရတဲ့အကြောင်းအရင်းကတော့ နှောင်းရိပ်ချိုက အုပ်စိုးပစ်လိုက်တဲ့သေနတ်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူပြီးနောက် ရိုးရိုးဆေးရုံကနေ ထောင်ဆေးရုံကိုပြောင်းရွေ့ထားတာကြောင့်ဖြစ်တယ်လေ နှောင်းရိပ်ချိုကနောက်ဆုံးသူမလုပ်ခဲ့တဲ့က္စိ္စမယ် ဥပဒေချိုးဖောက်ပြီးလုပ်ခဲ့တာတွေအများကြီးမလား
ဒါကြောင့် တရားဥပဒေရဲ့အဆုံးအမကိုမလွဲမသွေခံယူရတော့မည့်သူဖြစ်နေပြီလေ ဒါကြောင့်ဒီကိုလာခဲ့ကြရတာပေါ့

ဒါနဲ့သူတို့လည်း နှောင်းရိပ်ချိုရဲ့ထောင်ဆေးရုံကအခန်းလေးကိုရောက်လာကြတော့ နှောင်းရိပ်ချိုကို ကုတင်မယ်လက်ထိပ်နဲ့တွဲခတ်ထားကာ သံခြေချင်းပါခတ်ထားတာမြင်မိတော့စိတ်မကောင်းကြပါဘူး
သူမက နော်ဖောနဲ့သူ့အမိုးကိုမြင်တော့အံ့ဩသွားပြီး နောက်ကအုပ်စိုးနဲ့မြတ်သူကျော်ကိုလည်းမြင်ရော ဒေါသတွေထွက်ပြီးပြောလာတော့တာပေါ့

"နင်တို့နှစ်ကောင်ကဘာလာလုပ်တာလဲ နင်တို့ကိုငါမမြင်ချင်ဘူး မလာနဲ့ အခုထွက်သွားကြ ထွက်သွားကြဟာ"

တကယ်လည်း သူတို့နှစ်ယောက်ကြောင့်
အခုလိုအခြေအနေကို နှောင်းရိပ်ချိုရောက်သွားခဲ့ရတာမလား
ဒါကြောင့်မကျေနပ်ပဲဖြစ်နေတယ်လေ ဒီမယ် ဒေါ်နော်အယ်လ်မှုးတာက.....

"နှောင်းစိတ်ကိုလျော့ထားစမ်း အန်တီတို့လာတယ်ဆိုတာ သမီးလေးက အားလုံးနဲ့ပြောစရာရှိတယ်ဆိုလို့ လာခဲ့ကြတာ နှောင်းဒါကိုလက်ခံပေးဟုတ်လား"

ဒေါ်နော်အယ်လ်မှုးတာလည်းပြောလိုက်ကော နှောင်းရိပ်ချိုကမျက်ရည်တွေစီးကျလာပြီး.......

Love Is LoveKde žijí příběhy. Začni objevovat